12 (Unicode)

24.5K 1.6K 76
                                    

အိမ်အပြန်လမ်းတလျှောက်တွင် ကျွန်တော့်ရင်တွေတအားခုန်နေသည်။
အရိပ်လေးနဲ့နှလုံးသားချင်းသာမက အသွေးအသားချင်းထိပါ ရင်းနှီးလာရသည်ဟုတွေးမိခြင်းကြောင့်လည်းဖြစ်သည်။
ဆုံးဖြတ်ချက်ချလိုက်သည်က အရိပ်လေးကို ဘယ်သောအခါမှ လက်လွှတ်ဆုံးရှုံးမခံတော့ပြီဟူ၍ပင်…။
ကားမောင်းရင်းနှင့်ပင် လက်တစ်ဖက်က စီယာတိုင်ကိုကိုင်ထားပြီး ကျန်တစ်ဖက်က အရိပ်လေးရဲ့လက်ကို ကိုင်ထားမိနေသည်။
အဲ့လောက်ထိ အရိပ်လေးအပေါ်တွင်ထားရှိတဲ့ ကျွန်တော့်ရဲ့မြတ်နိုးမှုက,ရေစီးကမ်းပြိုဖြစ်နေရပါပြီ။

"ဟာ မိုးကျလာပြီ။
ကားခဏရပ်ပေးပါလားကိုကို။"

အရိပ်လေးက သဘောတကျလေးတောင်းဆိုလာတော့ ကားကို လမ်းဘေးချရပ်ပေးဖြစ်သည်။ဒီကလေးလေး ဘာလုပ်ဦးမလို့လဲ။
ကားရပ်ပေးပြီးတာနဲ့ အရိပ်လေးက ကားပေါ်မှအမြန်ဆင်းသွားပြီးလျှင် ကားကိုကျောမှီလျက် လက်နှစ်ဖက်ကိုဆန့်တန်းပြီးလျှင် မျက်နှာလေးကိုမော့ကာမျက်လုံးတွေအားဖျော့ဖျော့လေးမှိတ်ထားသည်။

မိမိလည်း ကားပေါ်မှ အမြန်လိုက်ဆင်းရသည်။မိမိချစ်ရသူအရိပ်လေးကို သေးသေးလေးတောင်မှ အထိခိုက်အပွန်းအပဲ့မခံနိုင်ပါ။မိုးမိပြီး ကလေးလေးနေမကောင်းဖြစ်ရင် မိမိပဲ စိတ်ပူရမည်မဟုတ်ပါလား။
မိုးကလည်းနော် တန်ဆောင်မုန်းလကြီး ရွာရတယ်လို့။ဆောင်းဓာတ်အေးအေးလေးနဲ့ မိုးစက်တွေကလည်း ရေခဲစက်ကလေးတွေနှယ် အေးစိမ့်စိမ့်လေးဖြစ်နေသည်။

"အရိပ်လေး ဒါဘာလုပ်နေတာလဲ။
ဖျားနေမယ်လေ ကလေးရဲ့။စာမေးပွဲနီးပြီဆို။"

"ဟီး အရိပ်က မိုးစက်ကလေးတွေကို သဘောကျလို့ပါကိုကိုရဲ့။
မျက်နှာပေါ်တဖျောက်ဖျောက်ကျလာတဲ့ မိုးရေစက်ကလေးတွေကို မျက်လုံးလေးမှိတ်ပြီးခံစားကြည့်ရတာက တကယ်မိုက်တယ် သိလားကိုကို။
ကိုကိုလည်း အရိပ်လုပ်တဲ့အတိုင်းလိုက်လုပ်ကြည့်ပါလား။"

အံမယ်…သူလေးက မိမိကိုတောင် အညွှန်းပေးနေသေးသည်။
မျက်လုံးလေးမှိတ်ကာ မျက်နှာလေးမော့သွားပုံက တကယ်ကို သဘောတကျလေးဖြစ်နေဟန်။
ကလေးလေးလို အပူအပင်လည်းကင်းလှသည်။
မိမိကတော့ သူလေးကို ရင်ခွင်ထဲထည့်ဖက်ထားရင်းမှ သူလေးပြောသလိုလိုက်လုပ်ကြည့်လိုက်သည်။
အခုအချိန်လောက်ဆို ကလေးလေးက မျက်လုံးဝိုင်းလေးဖြင့် ကျွန်တော့်ကိုမော့ကြည့်နေလေမလား။ရှက်သွေးကြွယ်ပြီး ပါးမို့မို့လေးတွေနီမြန်းနေလေမလား။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now