4 (Unicode)

39.8K 2.6K 187
                                    

"အိမ်ရှင်တို့ အိမ်ရှင်တို့။"

ကျွန်တော်က ညီလေးကြည်နူးရိပ်ရဲ့အိမ်လို့ထင်ရတဲ့ အိမ်ရှေ့မှာ လူခေါ်ဘဲလ်တီးရင်း အော်ခေါ်လိုက်သည်။ကောင်းသန့်ကတော့ ကားပေါ်မှာ အခန့်သား။အန်တီကတော့ ကျွန်တော့်ဘေးမှာရှိနေသည်။အိမ်ထဲမှ အမျိုးသမီးတစ်ဦးထွက်လာတာတော့မြင်ရသည်။ရုပ်ရည်၊အမူအယာကြည့်ရသလောက်ကတော့ ညီလေးကြည်နူးရိပ်၏ သွေးသားတော်စပ်သူတစ်ယောက်ယောက်ဖြစ်မည်ထင်သည်။ထိုအမျိုးသမီးမှ ခြံတံခါးကိုဖွင့်ပေးပြီး…

"ဘာကိစ္စရှိလို့ပါလဲရှင်..."
ဟု ယဉ်ကျေးသိမ်မွေ့စွာပြောသည်။
ကျွန်တော်ပြောမည်အပြု မာန့်အမေကပဲ ဦးအောင် ပြောလိုက်လေသည်။

"ဒါ သားလေးကြည်နူးရိပ်ရဲ့ အိမ်ဟုတ်ပါသလားရှင်။"

ကြည်နူးရိပ်ဆိုတဲ့ အမည်နာမလေးကြားတော့ ဟိုဘက်မှ အမျိုးသမီးက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို သူမရဲ့မျက်နှာအ‌နေအထား၊ပုံပန်းသဏ္ဍန်၌ ထင်ထင်ရှားရှားတွေ့ရသည်။

"ဟုတ်ပါတယ်ရှင်။ဟုတ်ပါတယ်။
ကြည်နူးရိပ်ဆိုတာ ကျွန်မရဲ့သားလေးပါရှင်။
သားလေး မနေ့ညကတည်းက ပျောက်သွားတာ ရှာလို့လည်းမတွေ့၊ဘာသတင်းမှလည်း မရလို့ ကျွန်မတို့မိသားစုတွေ စိတ်ပူနေကြတာပါရှင်။"

"ကျွန်မတို့ သားလေးကြည်နူးရိပ်အကြောင်းပြောဖို့ လာခဲ့တာပါ။"
ဟု မာန့်အမေက ပြောပြီး ပတ်ဝန်းကျင်ကို အကဲခက်သလိုကြည့်သည်။
တစ်ဖက်မှ ပါးနပ်သည့် အမျိုးသမီးကလည်း မာန့်အမေရဲ့ အကြည့်ကို သဘောပေါက်သွားဟန်ရှိသည်။

"အိမ်ထဲဝင်ပါဦးရှင်…"ဟု စကားလမ်းကြောင်းပေးသည်။
မာန့်အမေတစ်ယောက်လုံးပါလာမှတော့ ကျွန်တော်လည်း စကားတွေသိပ်အများကြီးပြောပြ‌စရာမလိုတော့ပါဘူး။
ပြောရမည့်စကားများကိုလည်း ဒီအိမ်မလာခင်ကတည်းက အတိုင်အဖောက်ညီအောင် ကြိုတင်တိုင်ပင်ထားကြသည်ပဲလေ။

ကြည်နူးရိပ်လေးအမေက အိမ်ထဲကို ခေါ်သည်။
မာန့်အမေက ရှေ့မှ လိုက်သွားခဲ့သည်။
ကျွန်တော်က မာန့်အမေရဲ့နောက်မှ လိုက်သွားခဲ့သည်။
ကောင်းသန့်ကလည်း ကားပေါ်မှဆင်း၍ကျွန်တော့်နောက်မှ ကပ်၍လိုက်လာခဲ့သည်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now