26 (Unicode)

14.4K 857 8
                                    

ကြည်နူးရိပ်တစ်ယောက် အောက်ထပ်က ဧည့်ခန်းထဲမှာ ကော်ဖီဖျော်နေရင်း ကိုကို့အကြောင်းကို တွေးဖြစ်နေသည်။

ကိုကို့ကို လွမ်းတဲ့အကြောင်းတွေ ချရေးနေတုန်း ကိုကို့အသံနဲ့ သီချင်းသံကိုကြားလိုက်ရ၍ အရိပ်ရင်တွေ တအားခုန်သွားခဲ့ရသည်။
ည‌အမှောင် လမ်းမီးမှိန်ပြပြလေးအောက်မှာပင် ကိုကို့မျက်နှာကလေးက ထင်းကာ ချောလွန်းလှသည်။

ကိုကို့အသံတွေ တစ်ချက်တစ်ချက် တုန်ရီသွားတိုင်း အရိပ်ရင်တွေ တဆစ်ဆစ်နာရသည်။
မိုးရွာထဲမှာ ရပ်နေသည့်ကိုကို့အား လုံးဝမကြည့်ရက်ခဲ့ပါ။
ထီးတစ်လတ်နဲ့ အောက်ထပ်ကို အမြန်ပြေးဆင်းသွားတော့ ဧည့်ခန်းထဲမှာ ဖေဖေနဲ့မေမေကို တွေ့လိုက်ရသည်။

"သား...သေချာဆုံးဖြတ်ပြီးပြီလား..."

မေမေ့အမေးအား အရိပ် ချက်ချင်းခေါင်းညိတ်၍ အဖြေပြန်ပေးမိသည်အထိ ကိုကို့အပေါ်မှာ အရိပ် ဥပေက္ခာမပြုနိုင်ရက်ခဲ့ပါ။

"ကိုကို့ကို သနားတယ် မေမေ..."

"သား စိတ်ချမ်းသာရမယ်ဆိုတာ သေချာလား..."

ဖေဖေ့အမေးကိုတော့ အရိပ် အပြုံးကလေးနှင့်သာ အဖြေပြန်ပေးခဲ့တော့သည်။
အရိပ်ယုံသည်...။
ကိုကိုက အရိပ်ကို ဘယ်တော့မှ စိတ်ဆင်းရဲစေမဲ့လူမျိုးမဟုတ်ဘူးဆိုတာ...။

အနောက်မှ သိုင်းဖက်လာသည့် ကိုကိုကြောင့် အရိပ်ရဲ့စိတ်အာရုံတွေ လက်ရှိသို့ ပြန်လည်ပူးကပ်လာရသည်။
အနောက်ကနေသိုင်းဖက်ထားရင်း ဂုတ်သားတွေကို တရှုံ့ရှုံ့နမ်းနေတဲ့ကိုကို့ကြောင့် အရိပ်ရင်ထဲ ယားကျိကျိကလေးပင်ဖြစ်လာရသည်။

"ကိုကို...ယားတယ်လို့..."

"ချစ်လို့ပါ အရိပ်လေးရဲ့..."

"ဟို...ဪ...ဒီမှာ ကိုကို့အတွက် ကော်ဖီရပြီ...။"

အရိပ် စကားဖြတ်ကာ ကိုကိုနဲ့အတူ ဧည့်ခန်းထဲသွားလိုက်သည်။

"ဖြစ်ခဲ့သမျှတွေအတွက် ကိုကို တောင်းပန်ပါတယ် အရိပ်လေးရယ်...။"

စကားဖြတ်လာခဲ့သည်ကို ကိုကိုက ဘယ်လိုသဘောပေါက်သွားသလဲမသိ...အရိပ်ကို တောင်းပန်စကားတွေ ပြောတော့သည်။
အရိပ်စကားဖြတ်လာခဲ့ရသည်က ချစ်စကားတွေပြောလွန်းသည့်ကိုကို့ကို ရှက်လွန်း၍ဖြစ်သည်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Donde viven las historias. Descúbrelo ahora