22 (Unicode)

13.7K 823 30
                                    

"သား အခုချက်ချင်းအိမ်ပြန်ခဲ့ပါ။
သားကောင်လေးကိုပါခေါ်ခဲ့..."

ဖေဖေဖုန်းဆက်ပြောသောစကားတို့ကြောင့် အရိပ် စိုးရိမ်မိသွားရသည်။
ပြောနေသည့် ဖေဖေ့အသံကလည်း သိပ်မကောင်းလှတာမို့ ချက်ချင်းပဲ ကိုကို့ကိုခေါ်ကာ Company မှ အိမ်သို့ပြန်လာခဲ့လိုက်သည်။
ကိုကိုလည်း အတော်စိတ်ပူနေဟန်ပေါ်သည်။
အရိပ်လက်ကို ကိုင်ထားသည့် ကိုကို့လက်တွေကလည်း အေးစက်နေသည်။

"အရိပ်လေး…အဖေက ကိုကို့ကိုပါ ခေါ်ခိုင်းတာဆိုတော့ ကိုကိုနဲ့သက်ဆိုင်တဲ့ တစ်ခုခုပဲဖြစ်မယ်ထင်တယ်။ဘာအကြောင်းကြောင်းတွေပဲ ဖြစ်လာ ဖြစ်လာ ကိုကို့ဘဝမှာ အရိပ်လေးကို လိုအပ်တယ်ဆိုတာလေးကို ထည့်တွေးပေးနော်…။"

အရိပ် ခေါင်းသာညိတ်နိုင်တော့သည်။
အရိပ်လည်း သိပ်ကို စိတ်ပူနေမိ၍ဖြစ်သည်။
ဟိုနေ့ညက မမစန္ဒာ ပြသနာလာရှာသွားတဲ့ကိစ္စနဲ့များ ပတ်သက်နေမလားဟူ၍ အရိပ်တွေးနေမိသည်။
ကြီးကြီးမားမား ဘာမှ မဖြစ်ပါစေနဲ့ဟူ၍သာ ဆုတောင်းနေရတော့သည်။

"ရောက်ကြပြီလား...။ထိုင်ကြ...။
သားက ဖေဖေတို့ဆီလာ။"

ဖေဖေခေါ်သည့်အတိုင်း ဖေဖေနဲ့မေမေကြား ဝင်ထိုင်လိုက်ရသည်။
မျက်နှာချင်းဆိုင်က ဆိုဖာပေါ်တွင်တော့ ကိုကိုနှင့် မမစန္ဒာ...။

"ဖေဖေ...ဘာဖြစ်လို့လဲဟင်..."

"အေး...ဒီကိစ္စကို ဖေဖေ မပြောချင်ဘူး။
ကာယကံရှင်တွေပဲပြောကြပါလိမ့်မယ်။"

ဖေဖေမေးငေါ့ပြရာက ကိုကိုတို့နှစ်ယောက်ဆီကိုပါ။
မေမေကလည်း မျက်နှာမကောင်း…။
မမစန္ဒာရဲ့မျက်နှာကလည်း ပြတ်သားတင်းမာနေသည်။
ကိုကို့မျက်နှာလေးကလည်း တစ်ခုခုအား စိုးရိမ်နေသည့်ဟန်ပေါ်ပါသည်။

"ဒီ ဆီးစစ်တံက သက်သေပဲလေ...။
စန္ဒာက မဖြစ်သင့်တာ မဖြစ်ရအောင် လာပြောရတာ။နောက်ပြီး တာဝန်ရှိသူလည်း တာဝန်သိအောင်လို့...။"

"ဆီးစစ်တံဆိုတာက...ဘာကိုပြောချင်တာလဲဟင် မမ..."

"အစ်မမှာ မာန်ခက်ထန်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီလို့ ပြောချင်တာလေ..."

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now