21 (Zawgyi)

3.9K 75 2
                                    

လက်ထဲမှ ဆီးစစ်တံလေးကိုကြည့်ကာ စန္ဒာပြုံးမိသည်။
မိမိနှင့်မောင့်ရဲ့ဘဝထဲသို့ ပထမဆုံးရောက်ရှိလာတော့မဲ့ ရင်သွေးလေး...။
သိရချင်းချင်း ဝမ်းသာလွန်းလို့ မောင့်ဆီ ဖုန်းခေါ်ပေမဲ့လည်း မောင်ကမကိုင်...။

အင်း...မနေ့ကပေးထားတဲ့ သုံးပုံးလောက်နဲ့ဆိုတော့ ဒီအချိန်ဆို မောင်တစ်ယောက် မှိန်းနေလောက်ရောပေါ့...။
အခုဆို မောင်တစ်ယောက်တည်းမဟုတ်တော့ဘူး...။
မောင့်ရဲ့ရင်သွေးလေးပါရှိနေပြီဆိုတော့ မိစန္ဒာတစ်ယောက်တော့ ကြိုးစားပြီး ငွေရှာရပေဦးတော့မပေါ့...။

အဟိ...တွေးကြည့်လေ ပျော်စရာကောင်းလေလေပါလား...။
မဝေးတော့တဲ့အနာဂတ်မှာ မောင်ရယ်၊ကျွန်မရယ်၊ရင်သွေးလေးရယ်...ပျော်ရွှင်စရာမိသားစုလေးတစ်ခု တည်ဆောက်နိုင်တော့မယ်။

အခုလေးတင် OG နဲ့ ပြခဲ့တော့လည်း တကယ်ဟုတ်သည်တဲ့။
ဗိုက်ထဲက သားသားလေးလား မီးမီးလေးလားကွယ်…ဘာလေးပဲဖြစ်ဖြစ် မောင့်ရဲ့အသွေးအသားလေးမို့ မေမေက အများကြီးချစ်ပေးမှာ သိလား။
ကလေးလေးအတွက် မေမေအများကြီး ကြိုးစားမယ်။
ကဲ…အခုလည်း ကလေးလေးအတွက် အားရှိတဲ့အစားအစာလေးတွေစားလိုက်ဦးမယ်နော်။

စန္ဒာတစ်ယောက် ဆေးရုံကအပြန် Ocean နားက restaurant တစ်ခုသို့ ရောက်နေတာဖြစ်သည်။
လက်ထဲက ဆီးစစ်တံလေးအား လက်ကိုင်အိတ်လေးအတွင်း တယုတယပြန်ထည့်လိုက်ပြီး စားပွဲပေါ်က စားသောက်ဖွယ်ရာများဆီသို့ အကြည့်ပို့မိသည်။
ခါတိုင်းစားနေကျ spicy ခေါက်ဆွဲအစား ကြက်ဆွပ်ပြုတ်ကလေးအားမှာထားဖြစ်သည်။

"ဘယ်သူများလဲမှတ်တယ် ချူဆီမကြီးပါဟယ်…"

"ဟုတ်ပါ့ဟယ်…သူများစိန်နားကပ်အရောင်နဲ့ ဟိုပြောင် ဒီပြောင်ဖြစ်နေရသူလေးပါ…။"

"လေဟုန်စီးပြီး ဝေဟင်ပျံသူလေးပေါ့ဟယ်…။"

"လူဆိုတာ စိတ်ကောင်းရှိမှဟဲ့။
ပစ္စည်းဥစ္စာဆိုတာ စိတ်ကောင်းရှိမှလည်း ကိုယ်နဲ့ထိုက်တန်တတ်တာ။
စိတ်ကောင်းမရှိရင်တော့လား ကိုယ့်ဆီလာတဲ့ ရတနာထုတ်တောင် သူများဆီပါသွားရတာမျိုးလေ…။ဥပမာ သူဌေးသားလေးက ကိုယ့်ကိုလာခိုးရင်တောင် ကိုယ်နဲ့မထိုက်တော့ လူမှားပြီးခိုးမိတာမျိုးပေါ့…။"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now