30 {Final} (Unicode)

24.6K 949 28
                                    

"အရိပ်လေးအပေါ်မှာ ကိုကို မတရားခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ် ကလေးရယ် နော်...။"

အရိပ် ကိုကို့မျက်နှာချောချောအား တစိမ့်စိမ့်ငေးကြည့်ပစ်လိုက်သည်။
ကိုကို့ကို အရိပ်ချစ်သည်။

ကိုကိုလည်း အရိပ်ကို မေ့ဆေးတင်ခိုးပြေးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးခံခဲ့ရသည်။
ကိုကို့ကို တရားခံတစ်ယောက်လို ဘယ်လိုမှ အရိပ်မမြင်ရက်နိုင်ခဲ့ပါ။
အမှန်ဆို မမစန္ဒာ့ဆီလာနေကျကိုကို့ကို ဟိုးအရင်ကတည်းက အရိပ်က ခိုးချစ်ခဲ့ရသည်မဟုတ်လား...။
ကိုကိုမို့ အရိပ် ကြည်ဖြူခဲ့တာဖြစ်သည်။
ကိုကိုမို့သာ အရိပ် လက်ခံခဲ့တာလည်းဖြစ်သည်။
အရိပ်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ကိုကိုဖြစ်နေလို့သာပါပဲ...။

တရားသူကြီး‌ရှေ့မှာပဲ ကိုကို့အတွက် အရိပ်ကိုယ်တိုင် ဖြောင့်ချက်ပေးခဲ့တာပါ။
ကိုကို့ကို အရိပ်ချစ်သည်။
အရိပ်အပေါ်မှာ ကိုကို မှားခဲ့တယ်ဆိုရင်တောင် အရိပ်လည်း အရွယ်ရောက်ပြီးဖြစ်တဲ့ ခေတ်ပညာတတ်တစ်ယောက်ပဲလေ...။
ကိုကို့ကိုချစ်နေခဲ့လို့သာ အရိပ်ဘက်က ကြည်ဖြူပေးခဲ့တာပါ။

အရိပ် ကိုကို့ပါးလေးအား လှမ်း၍နမ်းလိုက်သည်။
ချစ်လိုက်တာဗျာ...။
ကိုကိုကလည်း အရိပ်ပါးလေးကို နူးညံ့စွာ ပြန်လည်အနမ်းပေးသည်။
ညနေဆည်းဆာကလေးက ပို၍သာယာနေသလိုပါ...။

"ချစ်တယ် ကိုကို...။
ကိုကိုမို့ အရိပ်ကြည်ဖြူခဲ့တာပါ။
အဲတာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့နော်...။"

ကိုကိုက အရိပ်ပုခုံးလေးအားဖက်သည်။
အရိပ်က ကိုကို့ပုခုံးလေးပေါ်ခေါင်းမှီလိုက်သည်။
အရိပ်ခေါင်းလေးကို ငုံ့နမ်းလာတဲ့ကိုကို့ကြောင့် အရိပ်ပြုံးမိရပြန်သည်။
အချစ်က အရိပ်ကို အမြဲပြုံးနေစေတော့သည်။

"မနက်ဖြန်ကျရင်လေ မမစန္ဒာ့ဆီ တစ်ခေါက်လောက်သွားကြည့်ရအောင်လေ ကိုကို...။"

"အရိပ်လေးကလည်း ဟိုတလောကမှ သွားခဲ့သေးတာပဲလေ...။"

"၂လတောင်ရှိနေပါပြီ ကိုကိုရယ်...။"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now