8 (Zawgyi)

9.5K 322 22
                                    

မာန်ခက်ထန်တစ်ယောက် မနက်အစောကြီးနိုးနေတာလည်းဖြစ်သည်။
ခါတိုင်းဆို ရုံးသွားကာနီး ကိုးနာရီမတ်တင်းနှိုးစက်မြည်မှနိုးတတ်ပေမဲ့ ဒီနေ့တော့ ခုနစ်နာရီလောက်ကတည်းက နိုးနေတာလည်းဖြစ်သည်။
မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ အတွေးအာရုံထဲဝယ် ပထမဆုံးပုံရိပ်ပေါ်လာသည်ကား အရိပ်ကလေးကိုပါ။
အရိပ်ကလေးကို သွားတွေ့ချင်ပြီ။
ညကလည်း အရိပ်လေးကို အိမ်မက်မက်သည်။
အရိပ်လေး လှေကားပေါ်ကခြေချော်ကျလို့တဲ့လေ။ထိုအိမ်မက်ဆိုးကြောင့်လည်း လန့်နိုးသွားတာလည်းပါသည်။
အိမ်မက်သည်ပင် ဒီလောက်ထိတ်လန့်ဖွယ်ဖြစ်နေလျှင် တကယ်များ အရိပ်လေး လှေကားပေါ်ကချော်ကျလျှင် ကျွန်တော့်ရင်တွေကျိုးရမှာ အမှန်ပါပဲ။

ချမ်းအေးအေးဆောင်းရာသီမနက်ခင်းမှာ ရေချိုးနေရပေမဲ့လို့ ရင်ထဲကအပူတွေကတော့ အေးငြိမ်းမသွားနိုင်ခဲ့သေးပါ။အိမ်မက်ဆိုးကြီးကိုသာ ရင်ထဲတွေးနေမိခြင်းကြောင့်လည်းဖြစ်သည်။
ရေမြန်မြန်ချိုးကာ Formal suit အနက်ရောင်ကို သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ပြီး မေမေဝယ်ပေးထားသည့် France made perfume လေးကိုပါ ဆွတ်ဖျန်းလိုက်သည်။
နာရီကိုတော့ အနက်ရောင်ပြောင်ပြောင် Swaziland Brand တစ်လုံးအားဝတ်ဆင်လိုက်သည်။
ဆံပင်ကိုတော့ ဘန်ကောက်သွားတုန်းကဝယ်လာခဲ့သည့် Hair coat လေးလိမ်းလိုက်သည်။
Gel မဟုတ်သည့်အတွက် ဆံပင်လည်းမပျက်စီးတော့သလို၊အနံ့လေးကလည်း သင်းသင်းလေးနဲ့ယဉ်သည်မို့ အရိပ်လေးသဘောကျနိုင်ကောင်းပါရဲ့။

ခါတိုင်းဆိုလည်း ပြင်တော့ပြင်ပေမဲ့ ဒီလောက်ကြီးတော့ အသေးစိတ်မပြင်ဖြစ်ပေ။တွေ့ရာကောက်ဝတ်လိုက်ရင်ကိုပဲ လူကကြည့်ကောင်းနေတာမျိုးဖြစ်သည်။
ဒါပေမဲ့ အခု မိမိက အရိပ်လေးကိုသွားတွေ့မှာဆိုတော့ အတတ်နိုင်ဆုံးပြင်ဆင်မှ တော်ကာကျမည်။ဒါဟာ အရိပ်လေးအပေါ်မှာ ထားရှိတဲ့ ကျွန်တော့်ရဲ့လေးနက်ခြင်းပါပဲ။

ဒီနေ့အတွက် planတွေကတော့… အခု အရိပ်လေးဆီသွားမည်။ပြီးရင် အရိပ်လေးကိုကျောင်းလိုက်ပို့မည်။
ကျောင်းလိုက်ပို့ရင်း လမ်းမှာ တစ်ခုခုဝင်စားမည်။
အရိပ်ကလေးနဲ့အတူ နှစ်ယောက်ထဲ တစ်ခါမှ အပြင်မသွားဖူးသေးဘူးမဟုတ်လား။
အရိပ်‌ကလေးကို ကျောင်းပို့ပေးပြီးရင်တော့ Companyကို တန်းသွားရမည်ဖြစ်သည်။
မြို့သစ်ဘက်က projectတစ်ခုကို ယနေ့စမှာဖြစ်တာကြောင့် CEOတစ်ယောက်အနေနဲ့ ရှိနေမှဖြစ်မည်မို့ဖြစ်သည်။
ရှယ်ယာရှင်တွေဖြစ်တဲ့အပြင် Assistantတွေလည်းဖြစ်တဲ့ ကောင်းသန့်နဲ့နေမျိုးကိုလွှတ်လိုက်လည်းရပေမဲ့ ဒီကောင်တွေ မနေ့ညကတည်းက မိမိဖုန်းကိုမကိုင်တာကြောင့်လည်း ကိုယ်တိုင်သွားရခြင်းဖြစ်သည်။နောက်ပြီး ဒီProjectက နည်းနည်းလည်းကြီးသည်။ဒီProjectသာ အောင်မြင်သွားခဲ့ရင် မိမိတို့Companyအတွက် အကျိုးအမြတ်တွေကလည်းနည်းတာမဟုတ်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now