9 (Unicode)

28.7K 1.9K 73
                                    

အရိပ်လေးတို့ကျောင်းက ပုဂ္ဂလိကကျောင်းကိုမှ U.Kအခြေစိုက်ဖြစ်သည်။
ဒါ့ကြောင့် ကျွန်တော်တို့တက်ခဲ့ရသည့် TUများထက် အဆများစွာအဆင့်မြင့်သည်။
နေထိုင်မှုပုံစံရော၊သင်ကြားရေးပိုင်းဆိုင်ရာနည်းပညာရော အစစ၊အရာရာကောင်းမွန်နေသည်။
ကျောင်းပြီးလျှင် U.Kမှ Degreeဘွဲ့ရမည်ဖြစ်သလို မြန်မာနိုင်ငံအသိအမှတ်ပြု Diplomaလည်းရမှာဖြစ်တာကြောင့် အလုပ်ဝင်ဖို့အတွက်ကတော့ သိပ်မခဲယဉ်းလှ။Companyကြီးများကိုယ်တိုင်က အလုပ်လာခေါ်မှာလည်းဖြစ်သည်။
ဒါ့ကြောင့် ကျောင်းပြီးတာနဲ့ companyကြီးများတွင် အဆင်သင့်အလုပ်ဝင်ကြရန်သာဖြစ်သည်။

မိမိအရိပ်လေးကိုတော့ သူများအလုပ်ထဲမဝင်စေလိုပါ။လုပ်ငန်းခွင်ဆိုတာ အပြိုင်အဆိုင်၊အတိုက်အခိုက်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြီးနိုင်ငယ်ညှင်းဖိနှိပ်ချင်နေကြတာများသည်။ရာထူးကြီးသူက ရာထူးငယ်သူအား အာဏာ၊ပါဝါဖြင့် ချိုးနှိမ်ထားတတ်ကြမြဲဖြစ်သည်။
မိမိရဲ့အရိပ်လေးဟာ သူများဆီမှာ အဖိနှိပ်ခံ၊အချိုးနှိမ်ခံဘဝဖြင့် နေရမည့်သူမျိုးမဟုတ်။
မိမိအရိပ်အာဝါသအောက်မှာပဲ ဧကရာဇ်လေးတစ်ပါးလို စံမြန်းနေထိုက်တဲ့ ကလေးလေးသာဖြစ်သည်။

အရိပ်လေးအကြောင်းတွေးမိရင်ကို လူက အလိုလိုပြုံးမိလာတာလည်းဖြစ်သည်။ဘေးက lover seatမှာထိုင်နေတဲ့ ကလေးငယ်လေးအား စောင်းငဲ့ကြည့်မိတော့ ‌ကလေးငယ်လေးဟာ ကားအပြင်ဘက်သို့ငေးနေတာဖြစ်သည်။

မျက်တောင်ကော့ကော့လေးတွေ ပုတ်ခက် ပုတ်ခက်ဖြစ်နေသည်အား နက်ပြောင်နေသော ကားမှန်မှတစ်ဆင့် လှမ်းမြင်နေရသည်။ရွှန်းလဲ့နေတဲ့ မျက်ဝန်းကလေးတွေက သိပ်ကိုကဗျာဆန်လှသည်။အပြစ်ကင်းစင်တဲ့ လည်တိုင်ကျော့ကျော့လေးကလည်း လစ်ဟာနေတာဖြစ်သည်။
ပေါင်ပေါ်တင်ထားတဲ့ နုထွေးလှသောလက်ဖဝါးနုနုလေးအား လှမ်း၍ဆုပ်ကိုင်တော့ မိမိဘက်သို့လှည့်ကာကြည့်လာသည်။
နဖူးပေါ်သို့ ရိပ်ရိပ်ကလေးဝဲကျနေတဲ့ဆံပင်လေးတွေကအစ မြတ်နိုးဖွယ်ရာအတိပါ။နမ်းမဝဖြစ်ရပါသော ကလေးလေးရဲ့နှုတ်ခမ်းနုနုဟာ ယခုအချိန်တွင်လည်း ရဲစိုနေတာဖြစ်သည်။ခပ်ရေးရေးသာထင်သော သူလေး၏လည်တိုင်ကျော့ကျော့ကလေးမှလည်း တံတွေးတစ်ချက်မြိုချလိုက်သည်ကို သတိထားမိလိုက်ပါသည်။အရိပ်လေးနဲ့ပတ်သက်ပါပြီဆိုကတည်းက သူလေး၏အရာရာတိုင်းကို သတိထားပြီဂရုစိုက်ပေးဖြစ်သည်။မိမိအရိပ်လေးအား ခြင်ကိုက်ရာပင်မထင်စေချင်ပါ။ဒါဟာ အရိပ်လေးအပေါ်မှာထားရှိတဲ့ ကျွန်တော့်ရဲ့မြတ်နိုးခြင်းမည်ပေ၏။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Donde viven las historias. Descúbrelo ahora