"မောင်…မောင်…!"
ညနေသုံးနာရီအချိန်ရောက်ပြီမို့ မာန်ခက်ထန်တစ်ယောက် အရိပ်လေးအားသွားကြိုရန် companyမှ ထွက်လာခဲ့ပြီဖြစ်သည်။ကျောင်းဆင်းချိန်က သုံးနာရီခွဲမှဆိုပေမဲ့ မိမိဘက်ကအရင်ကြိုရောက်နေနှင့်တော့ပိုကောင်းသည်မဟုတ်လား။
ဒါမှလည်း အရိပ်လေးဆီက အမှတ်တွေပိုရပေမည်။
ဟိုနှစ်ကောင်လည်း ဘယ်အချိန်ကလစ်ထွက်သွားသည်ရယ်ကို မသိလိုက်ပါ။
မိမိကိုတော့ အကဲပိုသည်၊အဖြစ်သည်းသည်ဟုဆိုနေကြသော အဲ့နှစ်ကောင်က မိမိထက်ပင် ပိုဆိုးနေကြသည်။
ပြောပြန်ရင်လည်း "မင်းက မင်းအရိပ်လေးကို ပိုင်ဆိုင်ထားရပြီးသား။ငါတို့က အခုမှ ချဉ်းကပ်ရမှာ။ငါတို့က ပိုအဖြစ်သည်းဖို့လိုတယ်။"ဆိုပြီး နှစ်ကောင်သား ကပ်ကပ်လန်အောင် ပြန်ရန်တွေ့ကြပေလိမ့်မည်။ကားပါကင်က Companyရဲ့ မြေအောက်ထပ်ထဲတွင် သီးသန့်လုပ်ထားတာမျိုးဖြစ်သည်။မြေအောက်ခန်းက ကားထားတဲ့နေရာမှာ ကားတံခါးဖွင့်ဖို့အလုပ် အနောက်မှကြားလိုက်ရတဲ့ ရင်းနှီးသောအသံတစ်ခုကြောင့် လှည့်ကြည့်မိလိုက်သည်။
ကြည့်လိုက်တော့ မိမိဆီသို့ ခန္ဓာကိုယ်လေး ဟန်မူယာနွဲ့ကာ ခပ်သွက်သွက်လေးလျှောက်လာသူ မစန္ဒာ…။
သူခေါ်လိုက်တဲ့ "မောင်"ဆိုသော နာမ်စားက ဘယ်သူ့အတွက်လဲ။ဒီနေရာမှာတော့ သူနဲ့ကျွန်တော်နှစ်ယောက်ထဲရယ်ပါ။ကျွန်တော့်ကိုရည်ညွှန်းတာတော့ မဟုတ်လောက်ဘူးမို့လား။"မောင်…ပြန်တော့မလို့လား။"
မစန္ဒာက ကျွန်တော့်အနားသို့ရောက်လာပြီးလျှင် ကျွန်တော့်လက်တစ်ဖက်ကို လှမ်းကိုင်လိုက်ကာ ကျွန်တော့်မျက်နှာကိုသေချာမော့ကြည့်၍ ပြောလိုက်သောကြောင့် သူရည်ညွှန်းသည်မှာ မိမိဆိုတာသေချာသွားသည်။
ကားပါကင်မှာက သာမာန်ထက်အနည်းငယ်ပိုပြီးအမှောင်ကျနေပေမဲ့လို့ မစန္ဒာရဲ့မျက်နှာပေါ်က အရောင်တောက်တောက်ဆေးဆိုးပန်းရိုက်တွေကိုတော့ ကောင်းကောင်းကြီးမြင်နေရသေးသည်။
ဝတ်ပုံစားပုံကလည်း ခါတိုင်းနဲ့မတူစွာ ကိုယ်ကြပ်အတိုကလေးဖြစ်သည်။
ရင်သားတွေကို လိုတာထက် တင်းတင်းလေးပိုဖော်ထားကာ ခန္ဓာကိုယ်တစ်လျှောက် တစ်ထည်ထဲသောထိုအဝတ်အစားက အောက်ပိုင်းတွင်လည်း တင်ပါးဖုံးရုံလောက်သာ ပေါင်အရင်းလောက်ထိပဲရှိသည်။
ကိုယ်ကြပ်အထည်ဖြစ်ရာ ခန္ဓာကိုယ်တစ်လျှောက် ကောက်ကြောင်းတွေက အထင်းသားဖြစ်သည်။
သူများတကာမျက်လုံးထဲတွင်တော့မသိ မိမိမျက်လုံးထဲတွင်တော့ အတော်အမြင်ရိုင်းလှသည်။
မိမိဟာ မိန်းမဆိုလျှင် သပ်သပ်ရပ်ရပ်ဖြင့် တန်ဖိုးထားထိုက်သော နန်းဆန်တာမျိုးကိုမှသဘောကျသည်။
မစန္ဒာရဲ့အရင်ပုံစံလို့ပဲဆိုရမလား…။
YOU ARE READING
The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}