15 (Zawgyi)

6.4K 229 14
                                    

ဒီနေ့ အရိပ်လေးတို့၏ နောက်ဆုံးစာမေးပွဲနေ့ဖြစ်သည်။
စာမေးပွဲအတောအတွင်း ကလေးလေးမှာ အတော်ပင်ပန်းရှာသည်။
Drawingပိုင်းကတော့ ကလေးလေး၏အကျွမ်းကျင်ဆုံးသော ဘာသာရပ်တစ်ခုဖြစ်သည်။
ကလေးလေးဆွဲထားတဲ့ပုံလေးတွေကိုကြည့်ရင်း ချီးကျူးမဆုံးဖြစ်ရသည်။
သပ်ရပ်သန့်ရှင်းပြီး သေသပ်လှပသည်။
ကလေးလေးဟာ အတွက်အချက်ပိုင်းလည်း ပိုင်နိုင်လှသည်။
စာမေးပွဲခန်းထဲကထွက်လာတိုင်း မိမိကို လက်မထောင်ပြ၍ဖြေဆိုနိုင်ခဲ့ကြောင်းပြောတဲ့ကလေးလေးအား မိမိကလည်း ဂုဏ်ပြုအာဘွားတွေစွန့်ကျဲပေးအပ်ခဲ့ရပါသေးသည်။

AMC(Architectural Materials & Construction)ဖြေတဲ့နေ့တုန်းကတော့ တစ်ပုဒ်မှားသွားလို့ဆိုပြီး ငိုလိုက်တာအရမ်းပါပဲ။
မိမိမှာလည်း ကလေးလေး,မျက်ရည်တစ်ပေါက်ကျတာမြင်ရရင်ကိုပဲ အသည်းတွေမွမွကျေသွားမတတ် ခံစားခဲ့ရပါသည်။
မနည်းမနာ,အသည်းဇကာကျအောင်ချော့ပြောပြီးမှ ကလေးလေးအား မိမိရင်ခွင်ထဲတွင် အနားယူစေခဲ့သည်။
နောက်နေ့တွေမှာတော့ စာမေးပွဲခန်းထဲကထွက်လာပြီဆိုတာနဲ့ ဖြေပြီးခဲ့သော ဘာသာရပ်အား လုံးဝပြန်မကြည့်စေခဲ့တော့ပါ။

ဒီနေ့တော့ ကလေးလေး၏စာမေးပွဲနောက်ဆုံးနေ့ဖြစ်တာနှင့်အညီ ကျွန်တော်ပါ စိတ်လှုပ်ရှားနေမိသည်။
အရင်နေ့တွေကတော့ ကလေးလေးအား,စာပြပေးချင်ပါသည်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုဖြင့် ကလေးလေးအနားကပ်ခွင့်ရခဲ့သလို ကလေးလေးကိုလည်း ရင်ခွင်ထဲထွေးပိုက်၍အိပ်စက်ခွင့်ရခဲ့သေးသည်။
ဒါဆို ဒီနေ့ညရော…။
ရောက်‌လာမဲ့ဒီနေ့အတွက် အရင်နေ့တွေကတည်းက ကြိုတင်စဉ်းစားနေခဲ့ရပါသည်။အခုထိလည်း အကြံမပေါ်သေးပါ။
ဒါဆို ဒီညကစပြီး ကလေးလေးနဲ့ခွဲရတော့မှာလား။
ကလေးကိုထွေးပိုက်ပြီးမှအိပ်တတ်တဲ့အကျင့်လေးက ဆယ်ရက်လောက်အတွင်းမှာပဲ ရိုးတွင်းချဉ်ဆီထဲအထိစွဲနေခဲ့ပြီဖြစ်သည်။မအိပ်ခင်လေးမှာ ကလေးလေးရဲ့နဖူးပြင်လေးအားနမ်းရှုံ့ခွင့်ရချင်သေးသည်။
ကလေးလေးရဲ့ဆံပင်လေးတွေအား ပွတ်သပ်၍ ချော့သိပ်ချင်မိပါသေးသည်။

ကျောင်းဝန်းအတွင်းမှ အပူအပင်ကင်းကင်းပြုံးပျော်ရွှင်စွာထွက်လာတဲ့ကလေးလေးအားငေးကြည့်မိရင်း သက်ပြင်းတစ်ခုချမိသည်။
ကလေးလေးကတော့ အပူအပင်ကင်းလှသည်။ဖြူစင်လွန်းတာပဲလား၊ပူပင်စရာဘာမှမတွေးတောတာပဲလား…ပေါ့ပါးလွန်းသည့် ကလေးလေးအားကြည့်ရင်း မိမိမှာတော့ ရင်တွေအောင့်လှပါပြီ။
သူ့သူငယ်ချင်းတွေဖြစ်တဲ့ အောင်ပုတို့ထွေးရီတို့နဲ့လက်ချင်းယှက်ကာ စကား‌တပြောပြောထွက်လာသည့် မိမိအရိပ်ကလေး။
ရာသီဥတုကအေးလာပြီဖြစ်တာကြောင့် အပေါ်ထပ်ကလေးကို အမြဲဝတ်ထားပါလို့မှာထားလျက်နဲ့ အခုတော့ လက်ဖျံလေးပေါ်မှာ ခေါက်လျက်လေးတင်ထားသည်။
အတော်လည်း စတိုင်ကျချင်နေပါတဲ့ ကလေးပေါက်စလေး။
ကားပေါ်ရောက်မှ အပြစ်ဒဏ်အနမ်းတွေ သွင်းဖြိုးရပါလိမ့်ဦးမည်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now