24 (Zawgyi)

3.3K 73 1
                                    

"ကောင်းပြီလေ…ဒါဆိုလည်း တရားဥပဒေအရပဲ ဖြေရှင်းကြတာပေါ့…။"

စန္ဒာ မျက်နှာပျက်သွားသည်။
ကိုယ့်ဘက်က လုံးဝအကွက်ကျနေတာကြောင့် မာန်ခက်ထန် သွေးပျက်နေမယ်ပဲထင်ခဲ့တာ။
ဆီးစစ်တံနဲ့ ဟိုတယ်အခန်းထဲက ဓာတ်ပုံတွေက လုံးဝခိုင်မာနေတာပဲလေ…။
ဒီနေ့ သူ့ဆီက ချိန်းဆိုတော့ တောင်းတောင်းပန်ပန်နဲ့ လျော်ကြေးကိစ္စပြောမယ်ပဲထင်ခဲ့တာ…။

"ဘာလဲ…ဂုဏ်သိက္ခာပြန်ဆယ်ချင်နေတာလား…။ဒီအချိန်လောက်ဆို ကြည်နူးရိပ်ဆိုတဲ့ အခြောက်လေးလည်း ရှင့်ကို နာကြဉ်းနေလောက်ရောပေါ့…။ကျွန်မမှာ သက်သေအခိုင်အလုံရှိတယ်ဆိုတာလည်း မမေ့နဲ့နော်…။"

"မရယ်ရတဲ့ ဟာသတွေပြောမနေနဲ့ မစန္ဒာ…။
ခင်ဗျားရဲ့ အလိမ်အညာသက်သေတွေက ဘာအသုံးဝင်မှာတဲ့လဲ…။
ဒီ CCTV မှတ်တမ်း ဓာတ်ပုံတွေကိုလည်း အထင်မသေးလိုက်နဲ့နော်…။"

မာန်ခက်ထန်ထိုးပေးလိုက်သော ဓာတ်ပုံများကိုကြည့်ကာ စန္ဒာ အံ့ဩမျက်ဝန်းဝိုင်းရသည်။
ထိုညက ကိုထက်နဲ့အတူသွားခဲ့ကြသည့် ဟိုတယ်က ပုံတွေ…။
Reception မှာ အခန်းမေးနေကြတုန်းက ပုံများ…။
မာန်ခက်ထန်ရဲ့အခန်းထဲကို ဝင်သွားတဲ့ လျှောက်လမ်းကဖမ်းယူထားသည့် မှတ်တမ်းများ…။
၁၅မိနစ်လောက်အကြာမှာပဲ ပြန်ထွက်လာခဲ့ကြတဲ့ အချိန်အတိအကျနဲ့ မှတ်တမ်းတွေ…။
ပြီးတော့…ထိုညက ကိုထက်နဲ့အတူ အခန်းယူခဲ့ကြတဲ့ပုံရိပ်တွေ…။
အို…စန္ဒာ့ရင်ထဲ ဒေါသမီးများတောက်လောင်၍ လာရသည်။
တစ်ရက်တည်းနဲ့ ဒီလောက်အကြောင်းတွေ ရှာနိုင်လာလိမ့်မယ်လို့ မထင်ထားခဲ့၍လည်းဖြစ်သည်။

"ခင်ဗျားနဲ့တွဲရိုက်ထားတဲ့ကျုပ်ဓာတ်ပုံကိုပြပြီး receptionist တွေကို မလိမ့်တပတ်လုပ်သွားတာကိုလည်း သိခဲ့ရပြီးပြီ။
နောက်ပြီး ခင်ဗျားဗိုက်က အလွန်ဆုံးရှိ သုံးလလောက်ပဲထင်တယ်နော်…။
ကုမ္ပဏီများတွေ့ဆုံပွဲက လွန်ခဲ့တဲ့ ၆လလောက်ကများလားလို့…။"

မာန်ခက်ထန်ဘက်မှ ကိစ္စတွေအား ပိုင်နိုင်သလို သူ့ဘက်ကမမှားကြောင်း သက်သေများနှင့်တကွ ယုံကြည်မှုရှိရှိပြောနေပုံကြောင့် စန္ဒာ ဘာမှ အတွန့်မတက်နိုင်ဘဲရှိရလေသည်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now