25 (Unicode)

14.9K 813 12
                                    

"အဲဒီကောင်က ကြည်နူးရိပ်လေးအနားကို ဘယ်လိုရောက်နေတာလဲ…။"

ကောင်းသန့်က cola ခွက်ကလေးအား တစ်ကျိုက်မော့သောက်ရင်း ဆိုသည်။

သူတို့သူငယ်ချင်းတွေ ကြည်နူးရိပ်တို့ အိမ်ကအပြန် New Ocean သို့ရောက်နေကြတာဖြစ်သည်။
New Ocean က ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ရင်း မာန်ခက်ထန်အကြောင်း ‌ဆွေးနွေးဖြစ်ကြသည်…။
သူတို့တွေ အရင်လို bar ကို မသွားဖြစ်တော့။
မူးရစ်စေတတ်သော ဒီအရည်ကြောင့် ပြဿနာတွေနဲ့ ယောက်ယက်ခတ်ကုန်ရသည် မဟုတ်ပါလား…။

အိမ်ရှေ့မှာ ပြဿနာဖြစ်သံတွေကြားတော့ လူကြီးတွေက သူတို့သားလေးကို အိမ်ထဲခေါ်သွင်းသွားခဲ့ကြသည်။
မာန်ခက်ထန်မှာတော့ ကြည်နူးရိပ်ကလေးကို စကားပင်မပြောလိုက်ရဘဲ မြင်သာမြင်ရ မကြင်လိုက်ရ၍ ရင်ထဲ တစ်မျိုးလေးပင် အနေရခက်နေသည်။
လွမ်းလွန်း၍ သွားတွေ့ကာမှ ပို၍ပင်လွမ်းလာရသလိုပါ…။
ရဲရင့်အောင်ရဲ့သီချင်းထဲကလို လွမ်းလွန်းလို့ပင် သေနိုင်သည်။

ဖြစ်ခဲ့သည်များကို ပြန်တွေးရင်း မာန်ခက်ထန် စိတ်ရှုတ်စွာ ထိုင်ခုံနောက်သို့ မှီချလိုက်သည်။
စိုင်းဉာဏ်လင်းအောင်ဆိုတဲ့ကောင်က ဘာဖြစ်ချင်နေတာလဲ…။
အရိပ်လေးကလည်း သူ့ကို ဘာကြောင့် လက်ခံနေရတာလဲ…။

"ငါမြင်တာကတော့ စိုင်းဉာဏ်လင်းအောင်ရဲ့ မျက်ဝန်းတွေက ညီလေးကြည်နူးရိပ်အပေါ်မှာ ရိုးရိုးသားသားပါ။
သူ့ကိုဆွဲခေါ်သွားတဲ့ကောင်လေးဆီမှာသာ သူ့အာရုံတွေ ပိုပြီး ရွှန်းစိုနေတာ။"

"ဘယ်လိုပဲဖြစ်ဖြစ်ကွာ…ငါ့လူနဲ့ လာပတ်သက်ရင်တော့ ငါနဲ့ငြိမှာပဲ…။သူ့ဟာသူ SAI Group ရဲ့ သား မကလို့ SAI ရဲ့ CEO ဖြစ်ဖြစ်…ငါ ဂရုမစိုက်ဘူး…။"

"သတိတော့ထားပေါ့ကွာ…။ငါ့အထင်နဲ့ကတော့ သူ့ဆီမှာ အန္တရာယ်တွေ သိပ်မမြင်မိဘူး။မစန္ဒာကိစ္စကိုသာ ဘယ်လိုအပြီးဖြတ်မလဲဆိုတာ မင်း အာရုံပိုစိုက်ထားသင့်တယ်လို့ ငါ အကြံပေးချင်တယ်။"

နေမျိုးရဲ့အပြောတို့အား ကျွန်တော် ခေါင်းညိတ်၍သာ အသိအမှတ်ပြုပေးလိုက်တော့သည်။
အချစ်စစ်ရဲ့လမ်းခရီးမှာ ဆူးငြောင့်ခလုတ်တွေ ပေါလိုက်တာ…။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now