2 (Unicode)

46K 3.3K 433
                                    

တံခါးဖွင့်ပေးလိုက်တော့ တွေ့လိုက်ရသူများက မနက်စာလာပို့ပေးသည်ဟုဆိုကြသော ကောင်းသန့်နဲ့နေမျိုးတို့ပါ။
ဒီအချိန်မှာ ကျွန်တော် သိပ်ကိုစိတ်ညစ်နေသည်။ကလေးတစ်ယောက်ကို ကျူးလွန်မိတာရော ကိုယ်ရည်ရွယ်တဲ့သူမဟုတ်တာရော ကြောင့် ခေါင်းတွေ အတော်ရှုတ်နေသည်။ဒီကြားထဲ ဟိုနှစ်ကောင်ကလည်း အချိန်ကိုက်ရောက်လာတာကြောင့် ငြင်းမရတဲ့ အခြေအနေတွေဖြစ်ကုန်ရပြီ။

"ဟေ့ကောင်မာန်။မင်းက ဘာဖြစ်နေတာလဲ။မကြည်မသာနဲ့။ဘာလဲ မင်းဟာမက လက်မခံဘဲ တိုင်မယ်တန်းမယ်လုပ်နေလို့လား။"

ကောင်းသန့်ရဲ့ပါးစပ်က စည်းမရှိသည့်အပြင် စကားလုံးတွေကရောကြမ်းတမ်းလှသည်။
ကျွန်တော် သူတို့နှစ်ယောက်ကိုဆွဲခေါ်၍ ဧည့်ခန်းသို့သွားလိုက်သည်။ပြတင်းပေါက်ဘက်သို့လှည့်၍ အတန်ကြာစဉ်းစားပြီးမှ ကျွန်တော် ပထမဦးဆုံးစကားတစ်ခွန်းဆိုလိုက်သည်။

"ငါအမှားကြီးမှားသွားပြီ။"

"ဟေ!!!"

ဟိုနှစ်ကောင့်ဆီမှ တစ်ပြိုင်နက်ထွက်လာသော အာမေဋိတ်စကားတစ်လုံး။

"ဟုတ်တယ်။ငါ လူမှားပြီး ခိုးပြေးလာမိတာ။"

"ဘယ်လို!!!"

နောက်ထပ် တစ်ပြိုင်နက်ထွက်ပေါ်ပြန်တဲ့ အာမေဋိတ်စကားတစ်ခွန်း။

"နောက်ပြီး ငါခိုးလာမိတာက ကောင်လေးတစ်ယောက်ဖြစ်နေတယ်။ငါလည်း မနေ့ညက မူးနေတော့ သူ့ကို မစန္ဒာလို့ပဲမြင်နေမိတာ။အဲဒါ ငါသူ့ကို မှားပြီးကျူးလွန်မိသွားပြီ။"

ကျွန်တော် ကျွန်တော့်သူငယ်ချင်းတွေအား အမှန်အတိုင်းဖွင့်ပြောပြမိသည်။ဒီအချိန်မှာကျွန်တော့်ကို အကြံဉာဏ်ကောင်းတွေပေးနိုင်မှာက သူတို့နှစ်ယောက်အပြင် ဘယ်သူမှမရှိဘူးလေ။
သူတို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တအံ့တဩရှိနေကြသည်။နောက်တော့မှ ‌ကောင်းသန့်က နေမျိုးအားခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး စကားစပြောလာသည်။

"အဲဒါဆိုရင်တော့ မင်းတာဝန်ယူရမှာပေါ့။
မင်းကိုယ်မင်း လူကြီးလူကောင်းတစ်ယောက်လို့သက်မှတ်ထားတယ်ဆိုရင်။"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now