14 (Zawgyi)

6.2K 231 19
                                    

ကျောင်းရောက်ရောက်ချင်း အားတစ်ခုဟာ အရိပ်ကိုတစ်နေရာဆီသို့ဆွဲခေါ်လာတာဖြစ်သည်။အကြမ်းပတမ်းဆွဲခံရတာမို့ အရိပ်လက်တွေတအားနာတာပဲ။ပြီးတော့ အတင်းကြီးဆွဲခေါ်နေတော့ ဆွဲခေါ်သူနောက်ကိုမှီအောင်လိုက်နိုင်ဖို့ ခပ်မြန်မြန်လျှောက်ရတာလည်း အသက်ရှူတွေကြပ်လောက်အောင်မောရသည်။

ဆွဲခေါ်လာသူကတော့ ရှင်းသန့်ညီလို့ခေါ်တဲ့ အရိပ်ရဲ့အခန်းဖော်တစ်ယောက်ပါ။
ရှင်းသန့်ဟာ အရိပ်တို့အထက်တန်းကျောင်းသားဘဝကတည်းက အခန်းဖော်လည်းဖြစ်သည်။
သူက စာတော်သည်။အတန်းထဲမှာဆိုအမြဲထိပ်ဆုံးမှာပဲရှိခဲ့တာ။
ဒါပေမဲ့ ဘာလို့ရယ်မသိ။
ဆယ်တန်းပြီးတော့ ဆေးကျောင်းအမှတ်မီပါလျက်နဲ့ အရိပ်တို့တက်တဲ့ကျောင်းကိုသာတက်ခဲ့သည်။
နည်းပညာကိုဝါသနာပါသည်ဆိုဦးတော့ သူ့အမှတ်နဲ့ဆိုလျှင် နည်းပညာတက္ကသိုလ်ရဲ့ မြို့ပြအင်ဂျင်နီယာဌာနမှာ Rollထိပ်ဆုံးပိုင်းနဲ့တောင် နေရာရနိုင်သည်။
သက်သက်မတ်ကြီးတော့ အရိပ်တို့တက်တဲ့ကျောင်းကို ပိုက်ဆံအကုန်ခံပြီးတက်တာမဖြစ်နိုင်။

နောက်မှသိလိုက်ရတာက သူဟာအရိပ်ကိုသဘောကျနေလို့တဲ့လေ။
ဒါလည်း သူကိုယ်တိုင်ပြောပြခဲ့တာပင်။
တက္ကသိုလ်ပထမနှစ်ရဲ့ ကျောင်းသင်္ကြန်နေ့မှာ အခုလိုပဲ သူ,အရိပ်ကို အကြမ်းပတမ်းကြီးဆွဲခေါ်ခဲ့တာပင်။
Toiletထဲရောက်မှ သူက အရိပ်လက်တွေကို အကြမ်းကြီးဆုပ်ကိုင်ပြီး
"ငါမင်းကိုချစ်တယ်။"လို့ပြောတယ်။
ပြီးတော့ အရိပ်ပါးကိုလည်း တစ်ချက်နမ်းသွားသေးသည်။

အဲ့အချိန်တုန်းက အရိပ် သူ့ကို တအားကြောက်တာပဲ။
အရိပ်ကိုသဘောကျလွန်းလို့ အရိပ်နားကိုအမြဲလိုက်နေခဲ့တာလို့လည်း အော်ပြောတယ်။
ပြီးတော့ ဘေစင်ကရေကိုခပ်ပြီးတော့လည်း အရိပ်ကိုပတ်တယ်။
သူပြောတာကတော့ သူများထက်ဦးအောင်အရင်ပတ်တာတဲ့လေ။

အဲ့အချိန်တုန်းက Toiletထဲကို ကိုစိုင်းရောက်လာပြီး ရှင်းသန့်ကိုခေါ်ထုတ်ပေးသွားခဲ့လို့ အများကြီးကျေးဇူးတင်ခဲ့ရသေးတာပင်။
ကိုစိုင်းက သတ္တိရှိလိုက်တာလို့လည်း အထင်ကြီးသွားခဲ့ရသေးသည်။
ရှင်းသန့်ကလည်း ကိုစိုင်းကချုပ်ခေါ်သွားတော့ မလှုပ်နိုင်ဘဲ အသာလေးပါသွားခဲ့ရသည်။
ကိုစိုင်းက ရှင်းသန့်ထက် လူကောင်ကြီးတယ်လေ။အရပ်လည်းရှည်တယ်။ဗလလည်းရှိတယ်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now