Author's Note

10.6K 575 39
                                    


Unicode

မနေ့က အပိုင်း၉ထဲက အကြောင်းလေးပေါ့နော် နည်းနည်းပြောချင်လို့ဗျ။
ပြောရမှာက နည်းနည်းရှည်တော့ ဟိုအပိုင်းထဲမှာ မျက်စိရှုတ်မှာစိုးလို့ ထည့်မပြောတော့ဘဲ သက်သက်လာပြောပြတာဗျ။

မနေ့က အပိုင်း၉ရဲ့ ပထမဦးဆုံးစာပိုဒ်မှာပါဝင်တဲ့ "UKအခြေစိုက်တက္ကသိုလ်ဟာ မြန်မာနိုင်ငံက TUများထက် သာလွန်တယ်"ဆိုတဲ့ စာသားဟာ မြန်မာနိုင်ငံက TUများနှင့်တကွ TUက ဆရာ၊ဆရာမများကို ထိခိုက်စေလိုခြင်းလုံးဝမရှိပါ။
ကျွန်တော်ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ နည်းပညာကျောင်းတစ်ခုက civil engineering ကျောင်းသားတစ်ယောက်မို့ ကိုယ်တိုင်ခံစားမိတာလေးကိုရေးခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ကျောင်းတွေမှာက Theoryပိုင်းလောက်ပဲ အဓိကထားပြီးသင်ရတာမျိုးပါ။Practical workshop တွေလုပ်ပြီဆိုရင် ပစ္စည်းကိရိယာအစုံအလင်မရှိရတာကတော့ ကျောင်းသားတွေအတွက် ပြောပြစရာကိုမလိုတဲ့ လိုအပ်ချက်ကြီးတစ်ခုပေါ့။လိုအပ်ချက်တွေများစွာကို ကျောင်းသားနဲ့ဆရာ နားလည်စွာနဲ့ပဲ ဖြတ်သန်းလာခဲ့ရပါတယ်။
နောက်တစ်ချက်…လက်တွေ့သင်ပြပေးမဲ့ဆရာ၊ဆရာမတွေဟာလည်း အဲ့လို ပစ္စည်းကိရိယာချို့တဲ့စွာနဲ့ဘွဲ့ရလာခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လို နောင်လာနောက်သားကျောင်းသားတွေကို ပညာရည်အပြည့်အဝမပေးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ပိုက်ဆံတတ်နိုင်တဲ့ကျောင်းသားတွေကတော့ အပြင်သင်တန်းတွေလိုက်ပြန်တက်၊ပိုက်ဆံမတတ်နိုင်တဲ့သူကတော့ တုံးငြိမ်းပေါ့။
ကျောင်းပြီးမှ site ထဲဝင်ရင်း ကျောင်းတုန်းကသင်ခဲ့ရတဲ့ Theoryလေး တီးမိခေါက်မိရုံနဲ့ တတ်သွားကြတာများပါတယ်။
ဒီလိုပြောရတာ ကျွန်တော်ကိုယ်တိုင်လည်း အတော်စပ်ပါတယ်။
ဒါပေမဲ့ အမှန်တရားပါ။
အနာထိမိလို့ စပ်သွားတာမျိုးပါ။
ဒီလိုသာ အစဉ်အဆက်သွားနေဦးမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာလောကဟာ တိုးတက်ပြောင်းလဲမှုနှောင့်နှေးနေရပါလိမ့်မယ်။
နိုင်ငံတိုးတက်ဖို့သွားနေတဲ့ အနာဂတ်လမ်းကြောင်းမှာ အင်ဂျင်နီယာတွေရဲ့အခန်းကဏ္ဍကလည်း အထောင့်တစ်နေရာကအရေးပါပါတယ်။
မြန်မာ့အင်ဂျင်နီယာလောကကြီး တိုးတက်လာမှ မြို့ပြကြီးလည်းခေတ်မှီလာမှာပါ။
နိုင်ငံ့ဝင်ငွေတွေလည်း ပြည်ပကိုစီးဆင်းမှုလျော့နည်းသွားမှာပါ။
ဒီလိုဆိုရင်တော့ ကျွန်တော်မီးမောင်းထိုးပြချင်တဲ့ main pointကို နားလည်ကြလိမ့်မယ်လို့တော့ ယူဆပါတယ်ဗျ။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now