23 (Unicode)

13.9K 817 17
                                    

"ကိုကို့ကို မယုံဘူးလား အရိပ်လေးရယ်..."

မိဘတွေက အပေါ်ထပ်အခန်းကို သွားခိုင်းနေတာတောင် ကျွန်တော့်ကို သံယောဇဉ်မပြတ်သလို ကြည့်နေတဲ့ အရိပ်လေးရဲ့လက်ကို နူးညွတ်တောင်းပန်စွာဖြင့် ဆွဲကိုင်၍ စကားဆိုမိသည်။
ကျွန်တော် ပြိုလဲ၍မဖြစ်...။
အရိပ်လေးနဲ့အတူ လျှောက်လှမ်းရမဲ့ အနာဂတ်ခရီးလမ်းတွေအတွက် အခက်အခဲတွေကို ကျွန်တော် ရင်ဆိုင်ရဦးမည်။

"ကိုကို့ကို အရိပ် ယုံတယ်။
ဒီကိစ္စကို ကိုကို အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ်ဆိုတာလည်း အရိပ် ယုံထားတယ်။
ကိုကို့ကို အရိပ် စောင့်နေမှာ…။"

အရိပ်လေးက ကျွန်တော့်ဆီသို့ ပြေး၍ဖက်သည်။ဒီကလေးလေး သိပ်ကို ပင်ပန်းလွန်းလှပြီ။
မျက်ရည်စများဖြင့် မော့ကြည့်ကာပြောနေသော အရိပ်လေးက ကျွန်တော့်ပါးကို လှမ်းနမ်းသွားသေးသည်။
ရပြီ…ဒီလောက်ဆို ရင်ဆိုင်ရမဲ့ အခက်အခဲတွေအတွက် အင်အားတွေ ကျွန်တော့်မှာရှိပြီ…။
စိတ်ချပါ…။
အရိပ်လေးဆီကို ကိုကို အရောက်ပြန်လာခဲ့မှာ။

*****

"အဲနေ့က ငါနဲ့ကောင်းသန့်ကိုယ်တိုင် မင်းကို ဟိုတယ်ပို့ပေးခဲ့တာလေ…။ဘယ်နေရာကများ လွဲသွားတာလဲ။"

နေမျိုး၏အပြောအား ကောင်းသန့်ကလည်း ထောက်ခံသလိုခေါင်းညိတ်ပြသည်။
မာန်ခက်ထန်ကတော့ စဉ်းစားရလွန်း၍ စိတ်ရှုတ်စွာ ခေါင်းကိုလက်ဖြင့်ခါထုတ်ပြီး ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်လှဲထိုင်လိုက်သည်။
သူတို့သူငယ်ချင်းသုံးယောက် မြို့ပြင်ကအိမ်ကို ရောက်နေကြတာလည်းဖြစ်သည်။

မာန်ခက်ထန်ရင်ထဲ ဘာကိုမှမတွေးနိုင်လောက်အောင် အရိပ်လေးကိုလွမ်းနေမိသည်။
အရိပ်လေးကို ခိုးပြေးလာခဲ့တုန်းကအိမ်လေးဟာ သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေချည်းပင်…။
အရိပ်လေးကို စချစ်ခဲ့မိတာကလည်း ဒီအိမ်လေးထဲမှာသာဖြစ်သည်။

"ဟေ့ကောင် မာန်…မင်း ဒီတိုင်းကြီးမနေနဲ့လေ…။တစ်ခုခုစဉ်းစားကြည့်ပါဦး။မင်း အဲညက ဘာတွေဖြစ်ခဲ့လဲဆိုတာ…။"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now