17 (Unicode)

19.4K 1K 19
                                    

"ဟေ့ကောင် ကောင်းသန့်။
မင်းနဲ့ဟိုကလေးနဲ့က ဘာတွေလဲ။"

"ဘာကိုလဲကွ မင်းကလည်း...အရင်းမရှိ အဖျားမရှိ။"

ကြည့်...ကြည့် ဖြေပုံကိုက စပ်ဖြဲဖြဲနဲ့။
ကောင်းသန့်နဲ့ညီလေးအောင်ဆုပန်ကို သေချာအကဲခက်ကြည့်နေတာ ဟိုစားသောက်ဆိုင်ကတည်းကဖြစ်သည်။
ဒီနှစ်ယောက် တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ ကျွန်တော်ဆိုတဲ့မာန်ခက်ထန်အလိုလိုကိုသိနေသည်။
ကစားကွင်းကိုရောက်လာတော့လည်း အကြာကြီးနေမှရောက်လာသည်။
ခါတိုင်းဆို ကျွန်တော်တို့သုံးယောက်ထဲမှာ ကောင်းသန့်က ကားမောင်းအကြမ်းဆုံးနဲ့အမြန်ဆုံးဖြစ်သည်။
ခုနက စားသောက်ဆိုင်ကနေ ကစားကွင်းကိုလာတဲ့လမ်းမှာတော့ ဒီကောင်အတော်ကြီးကိုကြာနေခဲ့သည်။
စောင့်နေရတဲ့ကျွန်တော်တို့တောင် စိတ်မရှည်တော့လို့ ဝင်နှင့်အောင်လုပ်သေးသည်။
မိမိကလေးလေးက သူ့သူငယ်ချင်းအောင်ဆုပန်ကိုစောင့်ချင်သေးတယ်ဆိုလို့သာ စိတ်ကိုရှည်နိုင်သမျှဆွဲဆန့်ခဲ့ရတာပင်...။

ကစားကွင်းရောက်လာတော့လည်း မိမိရဲ့အရိပ်ကလေးကိုငေးကြည့်နေရာမှ သူတို့ဘက်သို့လျှပ်တပြတ်ကြည့်လိုက်မိတိုင်း ထိုနှစ်ယောက် မရိုးမရွဖြစ်နေတာကို သတိထားခဲ့မိသည်။
အထင်ရှားဆုံးကတော့ သရဲအိမ်ဝင်ကြတုန်းကပင်...။
ကြောက်ရွံ့နေသည့် ညီလေးအောင်ဆုပန်အား ရင်ခွင်ထဲထည့်ဖက်ထားရင်းမှ ပြုံးစိစိဖြစ်နေသော ကောင်းသန့်ရဲ့အမူအယာက လုံးဝကို အထိန်းအကွပ်မဲ့နေသည်။
ဒါတွေကိုလည်း အရိပ်လေးအား ရင်ခုန်ကြည်နူးမှုများဖြင့် မိမိရင်ခွင်ထဲသို့ထည့်ဖက်ထားရင်းမှ မြင်ဖြစ်အောင်မြင်လိုက်ရခြင်းဖြစ်သည်။

အခုတော့ ကစားကွင်းမှအပြန် တိုးကြွယ်ရေခဲမုန့်ဆိုင်သို့ဝင်ပြီး နေမျိုးနှင့်ကလေးသုံးယောက်အား ခဏထားခဲ့ကာ ရုပ်ရှင်ကြည့်ရန် လက်မှတ်ဝယ်မည်ဟူ၍ Central pointသို့ နှစ်ယောက်သားထွက်လာခိုက် သိချင်လွန်းနေပြီဖြစ်သော အကြောင်းအရာတစ်ခုအား ကျွန်တော်မေးလိုက်ခြင်းဖြစ်သည်။
ဒါတောင် ဒိီကောင်က ဝေ့လည်ကြောင်ပတ်လုပ်‌ချင်နေဟန်ဖြင့်။

"မင်း မသိချင်ယောင်ဆောင်မနေနဲ့။
မင်းနဲ့ညီလေးအောင်ဆုပန်ရဲ့ အမူအယာတွေကိုကြည့်တာနဲ့ ငါသိတယ်။
စောနက စားသောက်ဆိုင်မှာတုန်းကတည်းက သတိထားလာတာ။"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now