[January.1.2024]
တိတ်ဆိတ်မှောင်မည်းနေသည့်အခန်းငယ်အတွင်း ငိုရှိုက်သံသဲ့သဲ့ကသာကြီးစိုး၍နေသည်။ မကြာလိုက်သောအချိန်၌ ထိုငိုရှိုက်သံအချို့ပျောက်ကွယ်သွားပြီး ခြံသံတစ်ရှပ်ရှပ်ကို ကြားရပြန်၏။ဂျောက်!
မီးခလုတ်ဖြူဖြူကလေးသည် သခင်၏လက်ညှိုးကလေးစေရာ အပေါ်သို့ပင့်တက်သွားပြီးနောက်မှာတော့ အခန်းတွင်းအပြာရောင်မီးရောင်ကလေးသည် ထွန်းလင်းလို့လာခဲ့လေသည်။
"မုန်းတယ်။"
အသားဖြူဖြူနှင့် ဂုတ်ထောက်နေသောအပြာရောင်ဆံနွယ်ကလေးများအား ပိုင်ဆိုင်ထားသည့် ကောင်လေး၏နှုတ်မှထွက်ကျလာသောစကားသံဩရှရှ ။ မုန်းတယ်တဲ့ ။ အသက်အရွယ်အားဖြင့် (25)နှစ်တောင်ပြည့်ဟန်မရှိသေးသော ကလေးရုပ်ကလေးနှင့်ဤကောင်ငယ်လေးသည် အဘယ်အရာကိုများ ဤမျှဝမ်းနည်းတကြီးမုန်းနေရပါသနည်း။
.............................။
[September.5.2022]
At Victoria Bar ...။တဖျက်ဖျက်လက်နေသောမီးရောင်စုံများအောက် ကခုန်နေကြသောလူများမှာ မျက်စိနောက်ဖွယ်ရာ။ ဒီကြားထဲ တိုင်ကိုပတ်လိုက်၊ခွလိုက်ဖြင့် အတွင်းသားတွေကိုလှစ်ဟပြသကာ sexအသားပေးကပြနေသည့်မိန်းမလှလေးများဟာလည်း အများအပြားပါပင်။
"ထိုင်မယ်နော်။"
အပြောကနောက်, အရင်ဝင်ထိုင်ပြီးသူသည် ရမ္မက်ဆန်ဆန်မျက်လုံးများဖြင့် သူ၏အနည်းငယ်မို့မောက်နေသောနေရာသို့ စူးစိုက်ကာကြည့်လာ၏။ ထယ်ယောင်း ထိုလူအား ထိုင်နေရာမှမျက်လုံးလှန်ကြည့်လိုက်ကာ ...။
"လစ်!"
ဝိုင်ခွက်အောက်ခြေကို လက်ညှိုးနှင့်လက်မသုံးကိုင်ကာယမ်းခါရင်း အကြည့်တွေကို တစ်နေရာသို့ သိသိသာသာပို့ပစ်လိုက်ရလေသည်။ အနားကိုပိုတိုး၍ကပ်ထိုင်လိုက်သောသူထံမှ စူးစူးရှရှအနံ့ကိုမခံနိုင်သဖြင့် အသက်ကိုခပ်ဖွဖွရှူကာ မျက်မှောင်ကိုတွန့်ကြုတ်ထားမိ၏။ ဒီလူဘယ်လိုလူလဲ!
ဝတ်ထားသည်မှာ အနက်ရောင်crop topလေးမို့ piercingလုပ်ထားသောချက်မှငွေရောင်အသီးလုံးကလေးသည် အထင်းသား။ အောက်ပိုင်းကို အိပ်ကပ်များပါသောအဖြူရောင်ဘောင်းဘီရှည်ပွပွအား ဝတ်ဆင်ထားပြီး Nikeတံဆိပ်ပါအဖြူရောင်sneakerကလေးသည် ထယ်ယောင်း၏ခြေဖဝါးအောက်တွင် ပနံသင့်စွာခစားလို့နေသည်။
YOU ARE READING
Sad But True (Toxic Love) [Completed]
Fanfictionအမုန်းတွေအား အတိတ်မှာချန်ရစ်လို့ မြတ်နိုးကြင်နာခြင်းများဖြင့် အနာဂတ်အား အတူတကွဖန်တီးမည်။ ချစ်ခြင်းမေတ္တာများဖြင့် ပစ္စုပ္ပန်အားလျှောက်လှမ်းလို့ ရာသီတိုင်း အပြုံးတို့ေဝစေသား။ Start date_11.1.2021 End date _30.3.2022