Chapter_15 [ Unicode ]

2.7K 196 11
                                    


"ခြံထဲမှာနှင်းဆီပဲစိုက်မှာလား။ ဒေစီရောမစိုက်ချင်ဘူးလား မမ..."

"ဒေစီ..."

တွေဝေ‌သွား‌သောစိတ်ဖြင့် ဗြောလေး၏စကားအားသံယောင်လိုက်ရေရွတ်မိသည်။ ဒေစီတဲ့...။ ဒေစီပန်းရဲ့အဓိပ္ပာယ်က ဘယ်လိုမျိုးပါလိမ့်။ သူသိချင်လာသည်။ သို့ကြောင့် ချက်ချင်းပင် နှင်းဆီခင်းအားရေပေးနေသည့်ဗြောလေးနားကပ်၍ စူးစမ်းမေးမြန်းလိုက်၏။

"ဒေစီပန်းရဲ့အဓိပ္ပာယ်ကဘာလဲ သိလား။"

"အဓိပ္ပာယ်..."

"အင်း အဓိပ္ပာယ်"

ဇဝေဇဝါမျက်လုံးများဖြင့်သူ့အားလှည့်ငေးလာသည့်ဗြောလေးအား ခေါင်းတစ်ချက်ဆတ်ပြကာ အလျင်အမြန်ဆိုလိုက်၏။ ထိုအခါ ဗြောလေးသည် ခေါင်းကိုနှစ်ချက်၊သုံးချက်မျှဆင့်ကုတ်ကာ မျက်မှောင်ကြီးကုတ်၍...။

"ဗြောလေးလည်းမသိဘူး။ မမကအဲ့တာကိုဘာလို့သိချင်တာလဲ ဟင်..."

ကြောင်စီစီမျက်ဝန်းများဖြင့် သူ့အား‌ငေးကြည့်ကာမေးလာသည့် ဗြောလေး၏ညီးညီးညူညူအမေးကြောင့် သူမချိပြုံးကလေးပြုံးလိုက်ရလေသည်။ ဒီကလေးမကိုမှ သူကဆရာတင်မိတာကိုး...။

"ဒီတိုင်းပဲသိချင်လို့..."

"စိုက်မှာလားမမ...မေကြီးတို့က မမစိုက်ချင်ရင်ဖုန်းဆက်လာပါလို့ပြောတယ်။"

သူခေါင်းကိုနှစ်ချက်၊သုံးချက်လောက်ခပ်လေးလေးငြိမ့်လိုက်ပြီး စဉ်းစားခန်းဖွင့်‌နေမိ၏။ မကြာ‌သေးသောရက်လောက်က ဗြောလေးအမေ၏အကူအညီဖြင့် တောရွာလေးတစ်ခုမှာပန်းစိုက်လို့ရမည့်ခြံကျယ်တစ်ခြံဝယ်ဖြစ်ခဲ့သည်။ သို့အပြင် စားဝတ်နေရေးခက်ခဲနေသည့်ဗြောလေး၏အမေနှင့်မောင်လေးကိုလည်း ဥယာဉ်မှူးအဖြစ်ပြန်လည်ငှားဖြစ်ခဲ့၏။ အစကနှင်းဆီတစ်မျိုးတည်းစိုက်မည်ဟုတွေးထားမိသော်လည်း ‌ဗြောလေး၏အပြောကြောင့် ဒေစီပန်းပင်ကလေးကိုပါစူးစမ်း၍စိုက်ကြည့်ချင်လာသည်။ သို့ကြောင့်...။

"စိုက်တာပေါ့...မျိုးစေ့ကိုတော့ တို့နက်ဖြန်လူလွှတ်ပြီးပို့ခိုင်းလိုက်မယ်။ ဗြောလေးကအန်တီ့ကိုဖုန်းကြိုဆက်ထားလိုက်..."

Sad But True (Toxic Love) [Completed]Where stories live. Discover now