Chapter_20 [ Unicode ]

3.2K 237 73
                                    

အပြာရောင်ဆေးခြယ်ထားတဲ့Cafeအတွင်း သူတိတ်ဆိတ်စွာထိုင်နေရသည်မှာတစ်နာရီပင်ကျော်တော့မည်။ ချိန်းဆိုထားသောအမျိုးသမီးသည်ကား ရောက်မလာသေး။ စိတ်ပျက်စွာဖြင့် ဘယ်လက်တွင်ပတ်ထားသောငွေရောင်နာရီကလေးအားငုံ့ကြည့်လိုက်စဉ် သူ့စားပွဲနားသို့ ဖြူဖွေးရှင်းသန့်နေသောခြေဖမိုးတစ်စုံသည် လာရပ်၏။ နာရီထံမှအကြည့်များ ထိုခြေဖမိုးဆီသို့ကျရောက်သွားခိုက်...။

"နောက်ကျသွားလို့တောင်းပန်ပါတယ်။"

လေသံအေးအေးချိုချိုသည် သူ့နားစည်ဝသို့ပွတ်တိုက်ဖြတ်သန်းသွားသည်။ သူမရောက်လာခဲ့ပြီဖြစ်၏။ သူခေါင်းကိုအသာမော့၍ ထိုအမျိုးသမီးအားနွေးထွေးစွာပြုံးပြမိသည်။ လကြာပြီဖြစ်၍ အနည်းငယ်ဆူထွက်‌လာ‌သောဗိုက်လုံးလုံးကလေးသည် အစိမ်းနုရောင်ဂါဝန်ဖားဖားကလေးအောက်အထင်းသား...။

"ထိုင်ပါ။ ဘာကြိုက်တတ်လဲမသိတော့မမှာထားလိုက်ဘူး။ ကြိုက်တာမှာပါ။"

မီနူးကဒ်ကလေးအား မင်ဆူရီဘက်တိုးပေးရင်း သူပြုံးကာဆိုလိုက်ပါသည်။ နှုတ်ခမ်းထက်မှအပြုံးနုနုကိုတော့ သူထိုအမျိုးသမီးရှေ့တွင်အချိန်တိုင်းဆင်မြဲထားဖြစ်မည်ပင်။ မင်ဆူရီသည်အနားသို့ဝိတ်တာကလေးရောက်လာသည်နှင့် Cheese cakeတစ်ခုအားမှာသည်။ သို့ထက်တော့ ပိုမမှာပေ။

"တစ်ခုခုသောက်ပါဦးလား။"

"ဟင့်အင်း ကျွန်မမှာအချိန်အချိန်သိပ်မရဘူး။ လိုရင်းကိုပဲပြောကြတာပေါ့..."

အမှန်တကယ်ကိုအလျင်လိုနေသောပုံစံကြောင့် သူခပ်သွက်သွက်သာခေါင်းငြိမ့်ပြလိုက်ပါသည်။

"ဒါဆိုလည်း လိုရင်းကိုပဲပြောကြတာပေါ့...မင်းရဲ့ကိုယ်ဝန်ကမောင်နဲ့ရတယ်ဆိုတာ အမှန်ပဲလား။"

"လိမ်ခဲ့တာ..."

"ဒါဆိုမောင်နဲ့မအိပ်ဖြစ်ခဲ့ဘူးပေါ့..."

"အင်း မအိပ်ခဲ့ပါဘူး။ မောင်ကသိပ်ကိုစည်းစောင့်တတ်တဲ့လူတစ်ယောက်မို့ ဘယ်လိုမှသိမ်းသွင်းမရခဲ့တာဆိုပိုမှန်ပါတယ်။"

သူခေါင်းကိုလေးပင်စွာဖြင့် တစ်ချက်ချင်းငြိမ့်လိုက်မိသည်။ တည်ငြိမ်စွာပြောပြနေသည့်မင်ဆူရီဟာ လိမ်ညာခဲ့ရခြင်းအတွက်တောင်းပန်လိုစိတ်ကင်းပုံပင်။ သူသက်ပြင်းတစ်ချက်ခိုးရှိုက်လိုက်စဉ် အနားသို့ဝိတ်တာကလေးပြန်ရောက်လာသည်။ မှာထားသည့်ကိတ်ကလေးချပေးပြီးသည်နှင့် ဝိတ်တာကလေးသည်ခါးတစ်ချက်ညွတ်ကာ ကောင်တာသို့ပြန်ထွက်သွား၏။ ထိုတော့မှ...။

Sad But True (Toxic Love) [Completed]Where stories live. Discover now