Chapter_19 [ Unicode ]

2.9K 226 33
                                    

ဖြောင်း!

"အစ်ကို!"

ရိုက်ချက်ကပြင်းသည်။ စပ်ဖျင်းဖျင်းဖြစ်သွားသောညာဘက်ပါးပြင်ကြောင့် ပေါင်ပေါ်တင်ထားမိသည့်လက်အားခပ်တင်းတင်းဖိဆုပ်လိုက်မိ၏။ မေမေသည် မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနှင့် သူ့ပါးပြင်အားလက်ဖဝါးဖြင့်ခပ်ဖွဖွပွတ်သပ်ပေးလာသည်။ နာကျင်သွားသောစိတ်အစဥ်ကြောင့် အံကိုကြိတ်၍ဖေ‌ဖေ့အား‌လှမ်းကြည့်ကာ...။

"ဘာအတွက်လဲ။"

"ဂျွန်ဂျောင်ကုကငါ့ဆီကိုလာပြီးကွာရှင်းခွင့်တောင်းသွားတယ်။"

"ထယ်ကိုယ်တိုင်သူ့ကိုဖေဖေ့ဆီကခွင့်ပြုချက်တောင်းခိုင်းခဲ့တာ..."

"ဘာ! ကင်မ်ထယ်ယောင်း မင်း!"

ထိုင်နေသည့်ဆိုဖာမှထလာကာရိုက်ဖို့လက်ပြင်လိုက်သည့်ဖေဖေ့ကြောင့် မေမေသည်သူ့ရှေ့မှကာ,ကာရပ်လေသည်။

"မလုပ်ပါနဲ့! ကျွန်မသားကိုမရိုက်ပါနဲ့တော့အစ်ကိုရယ် ကျေးဇူးပြုပြီး..."

"မင်းအသာနေစမ်းပါ။ ဒီကောင်နဲ့ငါဒီကိစ္စကို ဒီနေ့ရှင်းမှရမယ်။ ဟိုကောင်! မင်းစာကြည့်ခန်းထဲလိုက်ခဲ့..."

မေမေ့ကိုလှည့်ပြောပြီးသည်နှင့် ဖေဖေ့၏စူးစူးရဲရဲအကြည့်များသည် သူ့ထံသို့တစ်ဖန်ပြန်ရောက်လာကာ အမိန့်စကားကိုဆို‌လေသည်။ သူခေါင်းတစ်ချက်ဆတ်ပြလိုက်ကာ လက်မောင်းနှစ်ဖက်ဆီမှမေမေ့လက်များအား ဖယ်ချလိုက်သည်။ မေမေသည်ခေါင်းရမ်း၍မသွားဖို့ရာတားနေတာကြောင့် သူမေမေ့လက်များအားထွေးဆုပ်လိုက်ကာ ဟန်ဆောင်အပြုံးတစ်ခုအားနှုတ်ခမ်းထက်ချိတ်ဆွဲလိုက်ရ၏။

"စိတ်မပူပါနဲ့ မေမေ၊ ထယ်ကဖေဖေ့သားမို့သေအောင်တော့မရိုက်လောက်ပါဘူး။"

ဒုတ်!

စာကြည့်ခန်းထဲသို့လှမ်းဝင်လိုက်သည်နှင့် လက်ငါးလုံးအထူမျှရှိသည့်စာအုပ်အထူကြီးတစ်အုပ်သည် သူ့နဖူးစောင်းသို့တည့်တည့်ဝင်တိုက်လေသည်။ စူးအောင့်ကာနာကျင်သွားရခြင်းကြောင့် နဖူးကိုလက်ဖဝါးဖြင့်လျင်မြန်စွာဖိထားလိုက်ပြီး ဖေဖေရှိရာစာကြည့်စားပွဲဆီသို့အကြည့်ပို့လိုက်မိ၏။

Sad But True (Toxic Love) [Completed]Where stories live. Discover now