Chapter-23 [ Unicode ]

1.8K 106 14
                                    

ခွမ်း! ဝုန်း!

"ဖယ်! မစားဘူးလို့ပြောနေတယ်မဟုတ်လား။"

မီးဖိုခန်းထဲမှနေ၍ အိမ်အဝင်ဝအထိလျှံကျလာသောဆူရီ့အော်သံ။ သို့အပြင် ပန်းကန်များကျကွဲသံနှင့်အတူ ခုံနှင့်ကြမ်းပြင်ပွတ်တိုက်သံများပါကြားရသည်မို့ ခြေလှမ်းခပ်သော့သော့လှမ်းကာ မီးဖိုခန်းထဲသို့လှမ်းဝင်ခဲ့ရ၏။ ထင်တာမမှားဘူးဆိုလျှင် ဆူရီနှင့်မာမီပြဿာနာတက်နေကြခြင်းသာဖြစ်လိမ့်မည်ပင်။

"ယူသွား ဝေါ့! အကုန်ပြန်သိမ်းသွားလို့..."

ကျွီ!

အော်သံအဆုံး စားပွဲခုံခြေထောက်နှင့်ကြမ်းပြင်ထိခတ်သံသည် နားမခံနိုင်ဖွယ်ကောင်းစွာပေါ်ထွက်လို့လာပြန်သည်။ သူမီးဖိုခန်းထဲသို့ရောက်တော့ ဆူရီသည် ပါးစပ်ကိုလက်ဖြင့်ဖိပိတ်ကာ ဘေစင်ရှိရာသို့အပြေးသွားနေ၏။ မာမီကတော့ အံကိုခပ်တင်းတင်းကြိတ်လို့အသားတွေတဆတ်ဆတ်တုန်ကာ ထမင်းစားပွဲနားတွင်ရပ်နေဆဲ။ သူဝင်လာတာကိုသတိထားမိဟန်မရှိတာမို့ မာမီ့နားသို့တိုးကပ်သွားလိုက်ကာ အခြေအနေကိုမေးမြန်းရပြန်သည်။

"ဘာတွေဖြစ်ကြတာလဲ မာမီ..."

"ထမင်းဟင်းလည်းချက်ကျွေးရသေးတယ် ဟိုဟာမစားချင်ဘူး၊ဒီဟာမစားချင်ဘူးနဲ့ ချေးများပြီးတဝေါ့ဝေါ့လာလုပ်နေတယ်‌လေ သူများအိမ်မှာနေရင် ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ ချက်ကျွေးတာ‌ကို‌ချေးမများပဲစားရမှာပေါ့၊ ကိုယ့်ဟာကိုယ်လည်းချက်မစားနိုင်ပဲနဲ့ အခုဟာက..."

"မာမီ!"

မျက်ခုံးများကိုတွန့်ချိုးကာ သူတို့ဘက်သို့လှည့်ကြည့်လာသည့်ဆူရီကြောင့် မာမီ့လက်များကိုခပ်တင်းတင်းဖမ်းဆုပ်၍ စကားသံတို့အားရပ်တန့်စေရ၏။

"ခုနကပြောလိုက်တဲ့စကားကိုပြန်ပြောကြည့်ပါလား အန်တီ..."

"ဆူရီ မာမီ့အစားကိုယ်တောင်းပန်ပါတယ်ကွာ... စိတ်ကိုလျှော့ပါနော်။"

"မောင်ဘာမှဝင်မပြောနဲ့၊ ပြန်ပြောပါဦး အန်တီ ခုနကစကားလေး..."

ဆူရီသည် လက်ကိုဟန်ပါပါပိုက်လျက် နှုတ်ခမ်းကိုမဲ့၍ ‌မာမီ့အားပြန်မေးနေသည်။ စိတ်ညစ်ရသည်။ မာမီနှင့်ဆူရီကြား သူအမှန်တကယ်ကိုစိတ်ညစ်ရပါ၏။ ပြောလည်းရမည့်ပုံမပေါ်တာမို့ မာမီ့လက်အားလွှတ်‌ပေးလိုက်ကာ သူ့ခြေလှမ်းများကိုနောက်ဆုတ်လိုက်သည်။ မသိစေချင်သည့်အမှန်တရားအား မာမီသာသိသွားလျှင်ဘယ်လိုများနေပါလိမ့်မလဲ။

Sad But True (Toxic Love) [Completed]Where stories live. Discover now