Chapter_11 [ Unicode ]

2.6K 198 36
                                    


နီယွန်မီးရောင်စုံများဖြင့်လှပနေပြီး လူအများဖြင့်စည်းကားသိုက်မြိုက်နေသောညဈေးသို့ သူတို့နှစ်ဦးရောက်ရှိ၍နေသည်။

လူသွားလမ်းခြားပြီး ဟိုဘက်ဒီဘက်အတန်းလိုက်ရှိနေသောမုန့်သည်များသည် တစ်ဦးနှင့်တစ်ဦးရောင်းသည့်မုန့်များမတူပဲ ကွဲလွဲ၍နေသည်။ စုံစိနေသောstreet foodများကြောင့် သူထခုန်မိမတတ်ပျော်သွားမိ၏။

"လိုချင်တာပြောနော် ကိုယ်ဝယ်ပေးမယ်။ စားချင်တာရှိရင်လည်းပြော..."

"အွန်း..."

ဈေးထဲသို့စဝင်ဖို့‌ခြေလှမ်းလိုက်သည်နှင့် မောင့်အကျီခါးနားစလေးအားဆွဲကိုင်ကာ နောက်မှကပ်လိုက်ဖို့ပြင်မိ၏။ သို့သော် မောင်သည်ခြေလှမ်းများကို‌ရှေ့မဆက်တော့ပဲ သူဆွဲကိုင်ထားသောအကျီအနားစလေးထံသို့ အကြည့်များရောက်ရှိလာခဲ့ချေသည်။ သူရှက်ရွံ့သွားမိသလို၊အားလည်းနာသွားရပါ၏။ သူ့လိုလူမျိုးနဲ့မောင်ဟာ ဒီလိုမျိုး နီးကပ်ကပ်နဲ့တွဲသွားချင်ပါမလဲလေ။

"တောင်းပန်ပါတယ် မောင်၊ မရည်ရွယ်ပါဘူး။"

သူသွားလေးစိကာပြုံးရင်းပြောတော့ မောင်သည်သက်ပြင်းတစ်ချက်ကိုခပ်ဖွဖွချ၏။ ပြီးနောက်မှာတော့ မထင်မှတ်ထားသောလုပ်ရပ်တစ်ခုအား မောင်သည်တွန့်ဆုတ်နေခြင်းအလျဉ်းမရှိပဲ လုပ်ဆောင်ခဲ့ချေသည်။

"မောင်..."

သူ့လက်ဖဝါးအားခပ်ဖွဖွထွေးဆုပ်လာသော မောင့်၏‌အေးစက်စက်လက်ဖဝါးရယ်ပါ။ သူအံ့ဩစွာဖြင့်အာမေဋိတ်သံပြုမိတော့ မောင်သည်ခပ်ဖွဖွပြုံးလို့ခြေလှမ်းများကိုရှေ့ဆက်လေသည်။

"ကိုယ်ကမင်းယောကျာ်းလေ ဟန်နီ၊ ဘာကိုမှလျှောက်တွေးမနေနဲ့..."

ရင်ထဲနွေးသွားရသည်က တစ်ခဏတာအတွက်တော့မဟုတ်ဘူးမလား။ မောင့်ကိုယုံကြည်လိုက်လို့ရော ရပါ့မလားလေ။ မောင့်၏အထူးအဆန်းအပြုအမူ၊  အသုံးအနှုန်း၊ အခေါ်အဝေါ်တွေကြောင့် သူ့စိတ်ထဲတွင် မယုံကြည်မှုလှိုင်းလေးတစ်ခုကဝမ်းနည်းစွာဖြင့်ဖြတ်ပြေးသွားခဲ့ချေသည်။ ယုံကြည်ခြင်းနှင့်မယုံကြည်ခြင်းလွန်ဆွဲနေမှုသည် အတွေးစတစ်ခုကြောင့်အပြတ်အသတ်သေချာ၍သွားရ၏။ မောင့်ကိုသူမယုံကြည့်သင့်ပါချေ။

Sad But True (Toxic Love) [Completed]Where stories live. Discover now