ဇန်နဝါရီလ၏ပထမဆုံးအပတ်သောကြာနေ့တွင်ဖြစ်၏။ ပျော်ရွှင်စရာမရှိသောအိမ်ကြီးအတွင်း အလုပ်တွေလုပ်ရင်းတိတ်ဆိတ်စွာနေထိုင်ခဲ့သည်မှာ အတော်ကြာခဲ့ပြီပင်။ မောင်သည်လည်း အလုပ်သွားလိုက်၊ပြန်လာရင်ထမင်းစားပြီးအလုပ်လုပ်လိုက် ပြီးလျှင်အိပ်လိုက်ဖြင့်သာနေ့တိုင်းကိုဖြတ်သန်းနေခဲ့၏။ မောင်ကတော့အသားကျနေပုံရသောသူ၏လုပ်ရိုးလုပ်စဉ်အားပျင်းရိနေဟန်မရှိသော်လည်း သူကတော့အလွန်တရာမှပျင်းပါသည်။ သို့ကြောင့်လည်း အိမ်အကူတစ်ယောက်ငှားဖို့အတွက်စဉ်းစားထား၏။"အိမ်အကူတစ်ယောက်ငှားမယ် မောင်၊ အိမ်ထဲမှာပဲအောင်းနေရတာ ဟန်နီ့အတွက်သိပ်အဆင်မပြေဘူး။"
သောကြာနေ့ဖြစ်သော်လည်း ရုံးမသွားပဲအိမ်ကနေသာအလုပ်လုပ်နေသောမောင်သည် အဝတ်ခြင်းထဲမှလျှော်ရမည့်အဝတ်များကိုခွဲခြမ်းစိတ်ဖြာနေသောသူ့အား ငဲ့စောင်းကြည့်လာ၏။ သူပြုံး၍သာမောင့်အားတစ်ချက်မျှပြန်ကြည့်လိုက်ရင်း...။
"ငြင်းဖို့မစဉ်းစားနဲ့မောင်၊ ငါက K Groupရဲ့အမွေကိုဆက်ခံမယ့်သူ၊ အိမ်ဖော်မဟုတ်ဘူး။"
သူ့အပြောကြောင့်မောင့်၏မျက်နှာမှာတည်တင်း၍သွားကာ နှုတ်ခမ်းများမှာလည်းတင်းတင်းစေ့၍သွား၏။ စိတ်ကုန်ပါသည်။ မောင့်ကိုချစ်ပေမယ့် အိမ်ဖော်တစ်ယောက်လိုတော့သူမနေလိုပါ။ ယနေ့မှာတော့ ဘယ်လိုပဲဖြစ်နေပါစေ မောင့်၏ခွင့်ပြုချက်အားအရယူမည်ဖြစ်၏။
"ကိုယ်သဘောမတူနိုင်ဘူး။ မင်းအဖေကမင်းကိုခြေငြိမ်သွားအောင် ကိုယ်နဲ့လက်ထပ်ပေးခဲ့တာ...အဲ့တာကိုလည်းမင်းသိမယ်ထင်ပါတယ်။"
"မောင်ဟန်နီ့အကြောင်းဘယ်လောက်သိလို့လဲ။ သူများပြောတာကိုယုံပြီး ဟန်နီ့ကိုမထိန်းချုပ်ချင်နဲ့မောင်...ဟန်နီမကြိုက်ဘူး။"
လက်ထဲမှာပွေ့ကိုင်ထားသောအဝတ်ခြင်းတောင်းအား မှန်တင်ခုံရှေ့ရှိကုလားထိုင်ပေါ်ဆောင့်ချတင်လိုက်ကာ မောင့်အားစူးစူးနစ်နစ်စိုက်ကြည့်မိ၏။ သူများအပြောကိုသာဇွတ်ယုံပြီး သူ့စကားဆိုအရေးအရာမလုပ်ချင်သောမောင်သည် သိပ်ကိုစိတ်ပျက်ဖို့ကောင်းလှပါသည်။ အလျော့ပေးဖို့အစီအစဉ်မရှိသောပုံဖြင့် မောင်သည်လည်း သူ့အားခပ်တင်းတင်းသာပြန်ကြည့်နေခဲ့၏။ ဟန်ဆောင်ချစ်ပြ၊ခင်ပြ၊ယုယပြရမှာတွေကိုလည်း မေ့သွားပုံပေါ်ပါသည်။
YOU ARE READING
Sad But True (Toxic Love) [Completed]
Fanfictionအမုန်းတွေအား အတိတ်မှာချန်ရစ်လို့ မြတ်နိုးကြင်နာခြင်းများဖြင့် အနာဂတ်အား အတူတကွဖန်တီးမည်။ ချစ်ခြင်းမေတ္တာများဖြင့် ပစ္စုပ္ပန်အားလျှောက်လှမ်းလို့ ရာသီတိုင်း အပြုံးတို့ေဝစေသား။ Start date_11.1.2021 End date _30.3.2022