Chapter-27 [Unicode]

2.9K 201 6
                                    

"ဆယ်ဗြော ငါနဲ့ခဏစကားပြောရအောင်။"

ဧည့်ခန်းထဲတွင်ကျုံ့ကျုံ့ကလေးထိုင်နေသည့်ဆယ်ဗြောအား နီရဲနေသည့်မျက်ဝန်းတို့ဖြင့်ကြည့်ကာ ထယ်ယောင်းဆိုလိုက်ခြင်းဖြစ်၏။

ခြေလှမ်းကျဲကြီးများဖြင့်လှမ်းထွက်သွားသူနောက် ဆယ်ဗြောအမြန်လှမ်းလိုက်ရသည်။

"ဘာတွေဖြစ်ခဲ့ကြတာလဲ။ မဟုတ်သေးဘူး။ ငါမင်းအပေါ်လူမဆန်တဲ့ဘယ်လိုလုပ်ရပ်မျိုးတွေကျူးလွန်မိခဲ့တာလဲ ယွန်းဆယ်ဗြော"

ပြတ်သားစွာမေးခွန်းထုတ်လာသည့်ကိုကိုသည် ဆယ်ဗြောအားကြည့်မနေ။ ခြံထောင့်မှ ချယ်ရီပင်ကြီးကိုသာတမေ့တမောငေးနေခဲ့၏။

ကိုကို့၏အမေးအား သူမဘယ်လိုပြန်ဖြေရမှန်းမသိပါ။ တမင်လုပ်ယူထားခဲ့သည့်ဇာတ်လမ်းမို့ ကြောက်ရွံ့စိတ်ကလည်းရှိနေ၏။ တုန်လှုပ်ခြောက်ခြားမှုနဲ့ပိုင်ဆိုင်လိုစိတ်ကြားမှာ သူမရဲ့အတွေးအာရုံတွေဟာအလူးအလဲပါပဲ။

"ဘာလို့ဘာမှပြန်မဖြေတာလဲ။ မင်းပြောပြမှဘာဆက်လုပ်ရမယ်ဆိုတာကို ငါဆုံးဖြတ်လို့ရမယ်မဟုတ်လား။"

လေသံအေးအေးနှင့်ဆိုသည်။ သူမသက်ပြင်းတစ်ချက်ခိုးရှိုက်လိုက်မိပါ၏။

"ကိုကိုလေးကအရက်မူးပြီးဗြောလေးကို အတင်းအဓ္ဓမသိမ်းပိုက်ခဲ့တာ၊ ဗြောလေး ဗြောလေးဒီလောက်ပဲပြောပြနိုင်မယ်ကိုကိုလေး"

"အမှန်တရားလား။ သေချာရဲ့လား။"

သူမအားလှည့်မေးလာသည့်ကိုကို့၏မျက်ဝန်းတွေမှာ မည်သည့်အရိပ်အယောင်မှမရှိတော့ပဲ ဗလာသက်သက်ဖြစ်လို့နေသည်။ ထိုမျက်ဝန်းများကိုကြည့်ကာ သူမအတန်ကြာတိတ်ဆိတ်သွားမိ၏။ အဘယ်ကြောင့်များ တစ်စုံတစ်ခုတော့လွဲနေပြီလို့ သူမစိတ်ထဲထင်လာမိသလဲလေ။ 

"ဖြေလေ။"

"အမှန်ပါ။ ကိုကိုလေးမယုံရင်ဗြောလေးသစ္စာဆိုပြ..."

"မလိုဘူး။ မင်းဘက်ကသေချာတယ်ဆိုရင် ငါအခုပဲမောင်နဲ့ကွာရှင်းလိုက်မယ်။ ငါ့သမီးလေးကိုလည်းမငဲ့ပဲနဲ့လေ မင်းကျေနပ်မယ်မလား။"

နှုတ်ခမ်းကိုမဲ့လို့ပြုံးလာသည့်ခနဲ့တဲ့တဲ့အပြုံးကြောင့် သူမရဲ့နှလုံးသားတစ်စုံမှာ လက်နှင့်ဆွဲဖျစ်ခံလိုက်ရသလိုအောင့်သက်နာကျင်သွားရပါသည်။ ဒီကိစ္စဟာ ဒီလောက်လွယ်လွယ်နဲ့ပြီးသွားသတဲ့လား။ နောက်ပြီး ကွာရှင်းမည့်ကိစ္စအား ကိုကိုကြီးကရောလွယ်လင့်တကူလက်သင့်ခံမည်တဲ့လား။ ပြီးတော့ ကလေးလေး... ပိုင်ဆိုင်လိုစိတ်ပြင်းပြင်းပြနေချိန်မို့ ကလေးမလေးအားထည့်မတွေးမိခဲ့။ ယခုမှ ထိုကလေးလေးဟာ သူမအတွေးထဲရောက်လာခဲ့ခြင်းဖြစ်လေသည်။

Sad But True (Toxic Love) [Completed]Where stories live. Discover now