Chapter_3 [ Unicode ]

3.1K 204 22
                                    


"ငါ့မျက်နှာကိုအိုးမည်းသုတ်မယ်မကြံနဲ့ ကင်မ်ထယ်ယောင်း...တောက်စ်! ခွေးမသား..."

"မလုပ်ပါနဲ့ အစ်ကိုရယ်၊ ကျေးဇူးပြုပြီး ရိုက်ချင်ရင် အသင်အပြမတတ်ခဲ့တဲ့ကျွန်မကိုသာရိုက်ပါတော့! တောင်းပန်ပါတယ်။"

ထယ်ယောင်းအား အနီးနားတွင်ရှိနေသောဂေါက်တံနှင့်ရိုက်ရန်ဟန်ပြင်လိုက်သောဖေဖေ့အား မေမေသည် သူ့ရှေ့မှကာစီး၍ ငိုသံပါကြီးနှင့်တားဆီးလေ၏။ သူကတော့ ဆိုဖာထက်ကျုံ့ကျုံ့ကလေးထိုင်ရင်း ကျရောက်လာမည့်အဆူအဆဲစကားသံများကိုသာ နားစိုက်ထောင်နေမိပါသည်။ ရိုက်လျှင်လည်း ခံရမှာပင်။ အပြစ်ကြီးလုပ်မိထားသည်ကိုး...။

"အိမ်ထဲကနေခြံထဲကိုပဲခြေတစ်လှမ်းထွက်ကြည့်၊ အဲ့ခြေထောက်ကိုငါကိုယ်တိုင်ရိုက်ချိုးပြမယ်။"

ထယ်ယောင်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ပြောပြီး ဖေဖေသည် ဧည့်ခန်းထဲမှ‌ ဒေါကြီးမောကြီးဖြင့်ထွက်သွားလေသည်။ ခြေမှာဗွေပါသည့်သူနှင့် အပြင်မထွက်ရအမိန့်ထုတ်သွားသည့်သူ...အဲ့ဒီမှာစတွေ့တာပင်။ အဆူအဆဲကအမြဲခံနေကြမို့ ယနေ့ဖြစ်ရပ်သည် သူ့အတွက်ဝမ်းနည်းတကြီးလိုက်ခံစားနေရမည့်ကိစ္စမဟုတ်ပါချေ။ လက်မပါပဲနဲ့ ဒီလောက်လေး‌ပြောပြီး,ပြီးသွားတာဟာ ဖေဖေအတော်လေးစိတ်လျှော့ထားသည်ဟု ပြော၍ရ၏။

"မင်းနဲ့တော့ငါတကယ်စိတ်ညစ်တယ် ထယ်ထယ်ရယ်...ရှားရှားပါးပါးသားလေးတစ်ယောက်မွေးထားမိပါတယ်။ ကျော်မကောင်းကြားမကောင်းအောင် အခြောက်စိတ်ဝင်နေရတယ်လို့..."

မေမေ့၏အပြောကြောင့် သူ့ရင်ကိုမီးစနှင့်ထိုးမြှိုက်ခံလိုက်ရသည့်နှယ် ပူလောင်နာကျင်သွားရလေသည်။ ဖေဖေ့ရှေ့မှာသာ သူ့အတွက်ကာစီးကာစီးလုပ်ကာ,ကာကွယ်ပေးပါသောမေမေသည်လည်း သူ၏ဖြစ်တည်မှုကိုနားလည်ပေးနိုင်သူ မဟုတ်ပါချေ။ အခြောက်တဲ့...။ မိခင်ဖြစ်သူ၏နှုတ်မှ ထိုသို့စကားတစ်ခွန်းထွက်တိုင်း ရင်ထဲ၌အတိုင်းအဆမဲ့စွာနာကျင်ရလေသည်။ မိဘများကပင် နားလည်မပေးနိုင်သောသူ့ဖြစ်တည်မှုအတွက် အမှန်တကယ်ကိုဝမ်းနည်းကြေကွဲမိပါ၏။ တကယ်တော့ သူဟာမွေးလာကတည်းကအသေလေးဖြစ်နေခဲ့ရမှာပင်။

Sad But True (Toxic Love) [Completed]Where stories live. Discover now