Chapter_17 [ Unicode ]

2.8K 232 44
                                    

လက်ထပ်ပြီးခဲ့သည်မှာ ငါးလကျော်ခဲ့ပြီဖြစ်သည်။ ထိုငါးလကျော်အတွင်းပျော်ရွှင်ခဲ့ရသည့်ရက်သည် လက်ချိုးရေလို့ပင်ရခဲ့၏။ ဒီရက်တွေအတွင်း ခြောက်လပြည့်လျှင်ကွာရှင်းကြမည်ဟူသောမောင့်၏နားပူနားဆာလုပ်ခြင်းကိုလည်း အခေါက်ပေါင်းမရေတွက်နိုင်အောင် ခံစားခဲ့ရသေးသည်ပင်။

"ဟက်ချိုး!"

"နေမကောင်းဘူးလား ဟန်နီ..."

ဝရန်တာတွင်အဝတ်လှန်းနေသည့်သူ့အနားသို့ လေအလျင်ဖြင့်ရောက်လာသောမောင်သည် ပါးစပ်ကလည်းမေးရင်းလက်ကလည်းနဖူးပေါ်သို့ ဟိုစမ်းဒီစမ်း,စမ်းလာ၏။ သူနောက်သို့တစ်ချက်ရို့လိုက်ကာ နှုတ်ခမ်းထက်အပြုံးတစ်ခုချိတ်ဆွဲလိုက်ရင်း...။

"ဘာမှမဖြစ်ပါဘူး မောင်၊ အလုပ်သာသွားလုပ်စမ်းပါ။"

"မလုပ်တော့ဘူး။ အထဲဝင်စို့ မင်းကိုယ်တွေပူနေတယ်ဟန်နီ"

"ဟာ...မောင့်!"

လက်ထဲမှအဝတ်အားတန်းပေါ်လှမ်းတင်လိုက်ရင်း မောင်သည်သူ့အားအခန်းထဲသို့အတင်းကာရောဆွဲသွင်းလေသည်။ အရာအားလုံးကိုလျင်မြန်စွာလုပ်ဆောင်သွားခြင်းကြောင့် အငြင်းစကားပင်မဆိုလိုက်နိုင်ပါ။ အထဲသို့ရောက်သည်နှင့်‌ ‌မောင်သည်သူ့အားဆိုဖာပေါ်တွင်ထိုင်စေကာ စကားတစ်ခွန်းမှမဆိုပါပဲ ဖုန်းယူ၍ဝရန်တာသို့ပြန်ထွက်သွား၏။ ဆယ်မိနစ်လောက်ကြာမှပြန်ဝင်လာကာ သူ့ဘေး၌ဝင်ထိုင်လေသည်။

"ညဘက်ကြီးခေါင်းမလျှော်ပါနဲ့လို့ ကိုယ်မပြောခဲ့ဘူးလား ဟန်နီ၊ အခုတော့ကြည့်စမ်း။ ဖျားပြီမဟုတ်လား။"

မောင်သည် သူ့လက်ဖျားများကိုဆုပ်နယ်လို့မျက်‌မှောင်ကြီးကုတ်ကာ မာန်မဲလာ၏။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ သူဘာတစ်ခွန်းမှပြန်ပြီးခွန်းတုန့်မပြန်နိုင်ပေ။ ခေါင်းကိုငုံ့လို့သာ နှာခေါင်းတစ်ချက်ရှုံ့လိုက်မိ၏။

မနေ့ညကခေါင်းလျှော်ပြီးရေမခြောက်သေးပဲအိပ်ယာဝင်ခဲ့သည်မို့ ယနေ့မနက်အိပ်ယာနိုးတော့ခေါင်းတစ်ခုလုံးတဆစ်ဆစ်ကိုက်ခဲနေကာ မထနိုင်သည်အထိ။ သို့သော်ငြား မနက်စာသည်သူမပြင်ရင်မဖြစ်တာမို့ အိပ်ယာထဲမှလူးလဲထကာ ခံစားနေရသည့်ဝေဒနာကိုအံတုလို့ မနက်စာပြင်ပေးရ‌သေးသည်။ ပြီးသည်နှင့် မနေ့ညကစိမ်ထားမိသောမောင့်ရှပ်အဖြူနှစ်ထည်နှင့်အတွင်းခံတို့အား မလှုပ်နိုင်သည့်ကြားကပင်လျှော်ဖွပ်ရ၏။ အဝတ်အစားများအားစက်နှင့်လျှော်သည်ဆိုသော်ငြား အင်္ကျီအဖြူနှင့်မောင့်အတွင်းခံများကိုတော့ လက်ဖြင့်သာလျှော်လေ့ရှိတာမို့ပင်။

Sad But True (Toxic Love) [Completed]Where stories live. Discover now