အယောင်ပြကလေးတောင်မရခဲ့တဲ့
ချစ်ခြင်းမေတ္တာတွေပါ။
မျှော်လင့်ချက်တွေမထားတော့ဖို့
ကိုယ့်ကိုယ်ကိုသာကြိမ်းမောင်းဆုံးမရတယ်။..................................။
အထပ်ထပ်သောစိတ်အမာရွတ်တွေအား မည်သူကထွင်းဖောက်မည်နိုင်မည်နည်း။ လိုချင်ခဲ့သည်မှာ စစ်မှန်သောနွေးထွေးကြင်နာမှု၊ အသွားအပြန်ရှိသောချစ်ခြင်းမေတ္တာ...ဒီလောက်ပါပဲ။ သူတအားများ လောဘတွေကြီးသွားမိသလား။
"မနက်ဖြန် wedding photoရိုက်ရမယ်။"
နောက်ပါးဆီမှထွက်လာသောမောင့်အသံကြောင့် ထယ်ယောင်း၏ကျောပြင်ကလေးမှာမတ်ခနဲ။ အဝတ်အစားထုတ်နေရင်းနှင့်သူအတွေးလွန်နေခြင်းမှာ မောင်ရေချိုးပြီးထွက်လာသည့်အထိပါပင်။ မောင့်ကိုလှည့်ကြည့်မိတော့ ခါးတွင်တဘက်အဖြူကလေးပတ်ထားသည်ကိုတွေ့ရသည်။ အဖုအထစ်များနှင့်မောင့်ဗိုက်ကြွက်သားများသည် မိန်းမပျိုလေးများ၏အကြိုက်ဖြစ်၏။ သူအပါအဝင်ပေါ့။ သော်ငြား ယခုအချိန်မှာတော့ကိုယ့်သောကနဲ့ကိုယ်မို့ ကြာကြာမငေးမောနိုင်။
"အိမ်မှာပဲမလား မောင်၊ ဖေဖေတို့အိမ်ကိုတော့မသွားရဘူးမလား။"
သူ့ရဲ့အလန့်တကြားအမေးအား မောင်သည်မျက်ခုံးများကိုတွန့်ချိုးထားရင်းက...။
"အဖေတို့အိမ်မှာရိုက်မယ့်ကိစ္စလေ၊ သွားရမှာပေါ့။"
သက်ပြင်းတစ်ချက်ကိုခပ်တိုးတိုးရှိုက်မိလိုက်၏။ မွန်းကြပ်လာသည့်စိတ်အစဉ်ကြောင့် မောင့်လက်ထဲအဝတ်အစားများထည့်ကာ အခန်းအပြင်သို့ထွက်လာဖြစ်သည်။ အခန်းအပြင်သို့ရောက်သည့်အခါ တံခါးကိုကျောကပ်၍ဆောင့်ကြောင့်ထိုင်ချလိုက်မိချေသည်။ ဒူးပေါ်တံတောင်တင်ကာ လက်ဖဝါးများဖြင့်မျက်နှာကိုအုပ်ထားလိုက်၏။
"နေ့ရက်တိုင်းကငါ့အတွက်ငရဲခန်းတမျှပါပဲလား။ ပူလောင်လိုက်ရတာ၊ နာကျင်လိုက်ရတာဆိုတာလေ။"
ခပ်မြင့်မြင့်ထုံးတင်ထားသောဆံနွယ်ရှည်များဟာ တစ်နေကုန်ပြေးလွှားထားရသည်မို့ ကျောပြင်ထက်သို့ကပိုကရိုကျဆင်း၍နေပြီ။ သို့ကြောင့် ခေါင်းစည်းကွင်းအားဆွဲ၍ဖြေချလိုက်ကာ ခပ်မြင့်မြင့်ပြန်ထုံးလိုက်၏။ ဒီလိုထိုင်ပြီးလောင်မြိုက်နေလို့ ဘာမှထူးသွားမည်မဟုတ်ပါချေ။ မောင်တို့စားဖို့ညစာပြင်ပေးရဦးမည်မဟုတ်လား။ တော်ကြာ နောက်ကျနေရင် မာမီ့၏ထိုးနှက်သောစကားလုံးများကြား ရင်ထပ်နာရဦးမည်ဖြစ်၏။
YOU ARE READING
Sad But True (Toxic Love) [Completed]
Fanfictionအမုန်းတွေအား အတိတ်မှာချန်ရစ်လို့ မြတ်နိုးကြင်နာခြင်းများဖြင့် အနာဂတ်အား အတူတကွဖန်တီးမည်။ ချစ်ခြင်းမေတ္တာများဖြင့် ပစ္စုပ္ပန်အားလျှောက်လှမ်းလို့ ရာသီတိုင်း အပြုံးတို့ေဝစေသား။ Start date_11.1.2021 End date _30.3.2022