Chapter_2 [ Unicode ]

4.1K 223 2
                                    


"Hello, Mr.Jeon..."

ဖုန်းကိုင်လိုက်သည်နှင့် လေလှိုင်းတစ်ဖက်ခြမ်းမှရယ်သံသဲ့သဲ့လွှမ်းသောနှုတ်ဆက်စကားသည် နားစည်ဝသို့လာ‌ရောက်ရိုက်ခတ်လေသည်။ ထိုစကားသံလေးကြောင့် ဂျောင်ကုနှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားသည်အထိပြုံးလိုက်မိ၏။

"ဒယ်ဒီ...ကျန်းမာရေးကောင်းရဲ့လား။"

"တရှောင်ရှောင်ပါပဲသားရယ်၊ ဖြစ်နိုင်ရင်သားကိုပြန်လာစေချင်ပြီ။ သားနဲ့တိုင်ပင်မှရမယ့်ကိစ္စအချို့ရှိနေတယ်။"

မေးသည်ကဒယ်ဒီ့ကိုဖြစ်သော်လည်း ပြန်ဖြေလာသူကမာမီဖြစ်၏။ သို့နှင့် မာမီ၏ပြန်လာစေချင်ပြီဟူသောစကားကြောင့် ဂျောင်ကုရင်မောသွားရလေသည်။ ချစ်ရသူ 'ဆူရီ'ကို သူဘယ်လိုဘယ်ပုံပြောပြီး ထားခဲ့ရမည်လဲ။ ဒယ်ဒီ့၏ကျန်းမာရေးအခြေအနေကြောင့် ခေါ်သွား၍လည်းမဖြစ်ပေ။ အတွေးများဖြင့်အကြပ်ရိုက်ကာ သူ‌ခေတ္တခဏတိတ်ဆိတ်သွားမိ၏။

"သား...‌မာမီပြောတာကြားရဲ့လား။"

ဖုန်းတစ်ဖက်ခြမ်းမှထွက်ပေါ်လာသည့် မာမီ့၏တောင်းဆိုနေဟန်အသံဖျော့ဖျော့ကြောင့် သက်ပြင်းကိုကြိတ်၍ချမိ၏။ ငြင်း၍မဖြစ်သည့် အနေအထားပါပင်။

"ကြားပါတယ် မာမီ၊ သားအမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။"

"ဟုတ်ပြီ သား၊ ပြန်မလာခင်ကြိုဖုန်းဆက်ပေးနော်။"

သူ့အဖြေကြောင့်ပျော်ရွှင်သွားသည့်မာမီ့အသံသည် တုန်ရီလှိုက်မော၍နေသည်။ မာမီတို့သူ့အားလွမ်းနေသလို သူလည်းအိမ်နှင့်အမိမြေကိုလွမ်းလှပြီဖြစ်၏။

"ဟုတ်ကဲ့...ဒယ်ဒီ့ကိုဂရုစိုက်ရင်းကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ပါ မာမီ၊ သားစိတ်ချမယ်နော်။"

"ကောင်းပါပြီ သခင်လေးရယ်၊ Bye ! see u soon my son..."

ဖုန်းကျသွားသည်နှင့် ကုလားထိုင်နောက်ကျောကိုမှီကာ မျက်စိကိုစုံမှိတ်လို့ခေါင်းကိုမော့လျက် အသက်ပြင်းပြင်းရှိုက်မိ၏။ မိနစ်ပိုင်းမျှကြာတော့ လက်ထဲကိုင်ထားဆဲဖုန်းကို စားပွဲပေါ်ပစ်တင်လိုက်ကာ ထိုင်နေရာမှထ၍ အခန်းအပြင်သို့ထွက်လာလိုက်သည်။ သူထွက်လာတာကိုမြင်သည့်အတွင်းရေးမှူးCristonသည် စာရွက်စာတမ်းပုံထဲခေါင်းနှစ်ထားရာမှ ပြာပြာသလဲထရပ်ကာ...။

Sad But True (Toxic Love) [Completed]Where stories live. Discover now