Chapter_5 [ Unicode ]

2.7K 197 22
                                    

တီ! တီ! တီ!

ညနေ(၆)နာရီမှာတော့ မောင်အိမ်သို့ပြန်ရောက်လာခဲ့ပါသည်။ ခြံတံခါးဖွင့်ပေးပြီးသည်နှင့် မောင့်အားခရီးဦးကြိုပြုမည်ဟုတွေး၍ အိမ်ရှေ့သို့ထွက်မည်ပြင်တုန်း...။

"ရေအေးအေးလေးသွားခပ်လေ ထယ်၊ ယောကျာ်းကိုကြိုတာလက်ဗလာနဲ့လား။"

လက်မောင်းကိုဖက်ခနဲရိုက်ကာခပ်ကြိတ်ကြိတ်ပြောလာသူကြောင့် စိတ်ထဲဖျင်းကနဲဖြစ်သွားရ၏။ သို့သော် မောင့်အမေဆိုသည့်အတွေးဖြင့် စိတ်ကိုပြန်ထိန်းချုပ်လိုက်ကာ သက်မတစ်ချက်ကိုကြိတ်ရှိုက်ရသည်။ အိမ်ထဲသို့ခြေဦးပြန်လှည့်‌တော့ နောက်ပါးဆီမှ သားအမိနှစ်ယောက်၏ရယ်ရယ်မောမောစကားသံများကိုကြားရ၍ နည်းနည်းလေးတော့မနာလိုဖြစ်မိသွားရ၏။ မဟုတ်တရုတ်အတွေးတွေကိုခေါင်းရမ်း၍ခါထုတ်ပစ်လိုက်ပြီး ရေခဲသေတ္တာထဲမှရေသန့်ဘူးအေးအေးလေးကိုထုတ်ကာဖောက်၍ ဖန်ခွက်ထဲထည့်လို့အိမ်ရှေ့သို့ယူလာခဲ့သည်။

သို့သော် မောင်ဟာအိမ်ပေါ်သို့တက်နှင့်ခဲ့ပြီပင်။ ရင်ထဲအောင့်မျက်သွားရကာ ခေါင်းငုံ့၍ပြုံးမိရပြန်သည်။ သိတယ်မလား။ နာနာကျင်ကျင်အပြုံးမျိုးပေါ့...။

"ရေသောက်ဦး‌ မောင်..."

တံခါး‌ပေါက်ဘက်ကိုနောက်ကျောပေး၍ အဝတ်ချွတ်နေသူဘေးသွားကာ ရေခွက်ကိုကမ်းပေးလိုက်၏။ မောင့်ခန္ဓာကိုယ်အချိုးအစားကို သူမကြည့်အားသေး။ တုန့်ပြန်လာမည့်မောင့်အပြုအမူနှင့် မျက်နှာပေါ်မှအရိပ်အယောင်များကိုသာလိုက်လံဖမ်းဆုပ်နေမိသည်ပင်။

"ငါနေ့လည်ကဘယ်လောက်တောင်အခက်တွေ့သွားလဲ မင်းသိလား။"

မောင့်မျက်နှာသည် တည်တင်းကာခက်ထန်၍နေသည်။ အင်း...ဒါဟာပုံမှန်ပါပင်။ မောင့်မျက်နှာဟာစတွေ့ကတည်းက ထိုအတိုင်းသာဖြစ်၏။ သို့သော် အေးစက်တောင့်တင်းကာထွက်ကျလာသည့်စကားလုံးများကတော့ ဒေါသဒီဂရီမည်မျှမြင့်တက်နေမှန်း ခန့်မှန်း၍ရသည်ပင်။ သို့ကြောင့် သူ့အပြစ်က‌နေကိုယ့်အပြစ်မဖြစ်ရလေအောင် မောင့်မိဘတွေရောက်လာသည့်အကြောင်းနှင့်ဇယ်ဆတ်သလိုလုပ်ခဲ့ရသည့်အလုပ်များအကြောင်းအား မောင်သွားလေရာတကောက်ကောက်လိုက်ကာ ရှင်းပြ‌မိပါသည်။ သို့သော် ပြန်ရလိုက်သည်ကား...။

Sad But True (Toxic Love) [Completed]Where stories live. Discover now