"ကျွန်တော်တို့ကွာရှင်းတော့မယ်။"
ထမင်းစားခန်းအတွင်းကြီးစိုးနေသောဇွန်းသံခွက်သံများအားကျော်လွန်ကာ ထွက်ပေါ်လာသောမောင့်၏စကားသံ။ ချက်ချင်းဆိုသလိုပင် ဒယ်ဒီနှင့်မာမီသည် တိတ်ဆိတ်စွာထမင်းစားနေရင်းမှ မောင့်အားအံ့ဩခြင်းတို့ပြည့်နှက်နေသည့်မျက်ဝန်းများဖြင့် မော့ငေးလို့လာသည်။ သူသည်လည်းထိုသို့ပင်ဖြစ်၏။
မာမီနှင့်ဒယ်ဒီ့အား ကွာရှင်းမည့်ကိစ္စကိုပြောပြပြီးပြီထင်ခဲ့တာ အခုအနေအထားအရဆို သူထင်သလိုမဟုတ်တာသေချာတယ်ထင်ရဲ့...။
"နှစ်ဦးနှစ်ဖက်လုံးရဲ့ဆန္ဒလား။"
"ဟုတ်ပါတယ်။"
ဒယ်ဒီ့၏အမေးအား သူခေါင်းငြိမ့်ကာခပ်အေးအေးပြန်ဖြေဖြစ်သည်။ မောင်ကတော့ ထမင်းကိုဇွန်းနှင့်ဆွကာဆွကာဖြင့်အသံတိတ်နေဆဲ။
"ထယ်ယောင်းရဲ့မိဘတွေကရောလက်ခံသလား။"
"ဟုတ်ကဲ့ လက်ခံပါတယ်။ ဖေဖေတို့နဲ့အရင်တိုင်ပင်ပြီးမှ ထယ်အခုလိုဆုံးဖြတ်ချက်ချခဲ့တာပါ။"
"ဪ..."
'ဪ'ဟုသံရှည်ဆွဲရေရွတ်လိုက်သည့်ဒယ်ဒီ့မျက်နှာသည် ရုတ်ချည်းဆိုသလိုမှိုင်းကျလို့သွား၏။ ဒယ်ဒီ့ကိုသူသံယောဇဉ်ရှိပေမယ့် မတတ်နိုင်ပါ။ သူတို့ရဲ့ရေစက်က ဒီလောက်ပဲရှိသည်မဟုတ်လား။
"ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ဖေဖေကပဲကြည့်ပြီးစီစဉ်ပေးမယ်လို့ပြောပါတယ်။"
"ဘယ်တော့ကွာရှင်းကြမှာလဲ။"
"မနက်ဖြန်ပါ။ ရှေ့နေနဲ့အတူမနက်ကျရင်ဖေဖေတို့လာပါလိမ့်မယ်။"
"ဘာ!"
ဇွန်းကိုထမင်းပန်းကန်ထဲပစ်ချလို့ထအော်လိုက်သည့်မာမီ့ကြောင့် သူရောဒယ်ဒီပါ မာမီ့အားပြိုင်တူလှည့်ကြည့်မိလိုက်ကြသည်။ သို့အပြင် မောင်သည်လည်း အာစေးမိနေသလိုခေါင်းငုံ့တွေဝေနေရင်းမှ မာမီ့အားမော့ငေးလို့လာ၏။ သူ့အားစူးစူးနစ်နစ်စိုက်ကြည့်လာသည့်မာမီ့၏အကြည့်များသည် ဒေါသနှင့်အတူ ရန်လိုဟန်အပြည့်ပါနေသည်မို့ သူပင့်သက်တစ်ချက်ကိုကြိတ်ရှိုက်လိုက်မိပါသည်။
YOU ARE READING
Sad But True (Toxic Love) [Completed]
Fanfictionအမုန်းတွေအား အတိတ်မှာချန်ရစ်လို့ မြတ်နိုးကြင်နာခြင်းများဖြင့် အနာဂတ်အား အတူတကွဖန်တီးမည်။ ချစ်ခြင်းမေတ္တာများဖြင့် ပစ္စုပ္ပန်အားလျှောက်လှမ်းလို့ ရာသီတိုင်း အပြုံးတို့ေဝစေသား။ Start date_11.1.2021 End date _30.3.2022