"ပါ ပါး..."
အပေါ်နှုတ်ခမ်းနှင့်အောက်နှုတ်ခမ်းကြား လျှာလေးညှပ်ကာမပီတပီခေါ်လာသည့်နာမ်စားလေးကြောင့် ရင်ထဲအတိုင်းမသိကြည်နူးရပြီးပြုံးနေမိ၏။ အချိန်တွေသည်အကုန်မြန်တယ်ပဲပြောရမလား။ သမီးလေးပင် ခုနှစ်လပြည့်လို့ရှစ်လထဲရောက်ခဲ့ပြီဖြစ်လေသည်။
"ခစ် ခစ်"
ကုတင်ပေါ်သူတင်ထားပေးသည့်အတိုင်းပက်လက်ကလေးနေကာ ခြေကားကားလက်ကားကားဖြင့်သမီးလေးသည် ပြုံးနေသည့်သူ့အားကြည့်ကာသွားဖုံးလေးတွေပေါ်အောင်ရယ်လို့လာသည်။ အတွင်းထဲတွင်ခြူလုံးလေးများပါသောကြည်ပြာရောင်ဘောလုံးလေး၏အောက်ခြေလက်ကိုင်လေးအား သမီးလေးလက်ထဲသို့ထည့်ပေးတော့ရုန်းကန်ကာမျက်နှာချက်ချင်းမဲ့၏။ သဘောက သူမဆော့ချင်ပါဘူးပေါ့။
"ဖေဖေ့အချစ်ကလေးရေ ဖေဖေ့သည်းသည်းလေးရေ"
"ခစ် ခစ်"
အဖေအသံကြားတာနှင့်မျက်နှာမှာချက်ချင်းပြုံးချိုလို့သွားကာ အသံထွက်သည်အထိတခစ်ခစ်ရယ်လို့လာပြန်သည်။
"မောင် ဒီနေ့စောတယ်နော်။"
သမီးလေးအားခနထားခဲ့ကာ မောင့်လက်ထဲမှသားရေလက်ကိုင်အိတ်နှင့်အပေါ်ကုတ်ကိုလက်လွှဲယူလိုက်ရင်း စကားဆိုဖြစ်သည်။
"အရေးတကြီးလုပ်စရာမရှိတော့လို့ သမီးနဲ့ဟန်နီ့အနားနေရအောင်စောစောပြန်ချလာခဲ့တာ"
"အပိုတွေ ဘယ်ကဟန်နီကပါလာတာလဲ။ ပြီးရင် သမီးနားမှာပဲကပ်ခွာလိုကပ်နေမဲ့သူကများ"
မျက်စောင်းတစ်ချက်ဝင့်ကာကြည့်ပြီး အိတ်နှင့်ကုတ်အင်္ကျီကိုနေရာတကျထားလိုက်သည်။ ရေချိုးပြီးဝတ်ဖို့အဝတ်အစားထုတ်နေတုန်းအနောက်ကနေသိုင်းဖက်ခံလိုက်ရတာမို့ ရင်ထဲနွေးကနဲဖြစ်သွားရပေမဲ့ အခုတလောအလုပ်နဲ့သမီးလေးကိုပဲစိတ်ထဲနေရာပေးပြီး သူ့ကိုတော့ပလစ်ထားတာမို့ စိတ်မပါသော်လည်း တံတောင်ဖြင့်တွတ်ကာလူချင်းခွာစေလိုက်၏။
"အာ မောင့်အချစ်ကလေးကသမီးလေးနဲ့ပြိုင်ပြီးကောက်နေတာပေါ့လေ ဟုတ်လား။"
YOU ARE READING
Sad But True (Toxic Love) [Completed]
Fanfictionအမုန်းတွေအား အတိတ်မှာချန်ရစ်လို့ မြတ်နိုးကြင်နာခြင်းများဖြင့် အနာဂတ်အား အတူတကွဖန်တီးမည်။ ချစ်ခြင်းမေတ္တာများဖြင့် ပစ္စုပ္ပန်အားလျှောက်လှမ်းလို့ ရာသီတိုင်း အပြုံးတို့ေဝစေသား။ Start date_11.1.2021 End date _30.3.2022