Chapter-28 [Unicode]

2.9K 197 5
                                    

"ဟန်နီ ထမင်းလေးနည်းနည်းလောက်ထစားပါဦး။"

ထမင်း၊ဟင်းထည့်ထားသည့်လင်ဗန်းကို စားပွဲပေါ်ချလို့ အိပ်ယာထဲလှဲနေသူအားလှမ်းပြောလိုက်သည်။ သို့သော် ဟန်နီသည် သူ့အားခေါင်းထောင်ကာပင်ကြည့်မလာသလို ခွန်းတုံ့ပင်ပြန်မလာပါချေ။

"ဟန်နီ ဟန်နီ!"

"ဟင်!"

အိပ်ချင်မူးတူးအသံဖြင့် ယောင်နနပြန်ဖြေလာသည့်ဟန်နီ့ကြောင့် သူခပ်ဖွဖွက‌လေးပြုံးလိုက်မိသည်။

"အိပ်ပျော်သွားတာလား။ မောင်ဆင်းသွားတာခဏပဲရှိသေးတာကို"

"အရမ်းအိပ်ချင်လာလို့မောင်ရဲ့ မျက်လုံးကဖွင့်မရဘူး။ ခဏလေးဆက်အိပ်ဦးမယ်နော်။"

ခေါင်းအနည်းငယ်ထောင်၍ဝူးဝူးဝါးဝါးပြောကာ ခေါင်းအုံးထက်မျက်နှာပြန်အပ်သူကြောင့် ဂျောင်ကုကုတင်ပေါ်လွှားကနဲတက်ကာဆွဲထူရ၏။ အချိန်အားဖြင့်ညနေ(၆)နာရီထိုးတော့မည်မို့ အိပ်ဖို့မသင့်တော့ပေ။

"ဟာ! ဘာလုပ်တာလဲ။"

လက်နှစ်ဖက်ကိုဆွဲကာငုတ်တုပ်ထိုင်စေလိုက်တာမို့ မျက်လုံးကိုစုံကန်မှိတ်ထားသည့်ဟန်နီသည် ချက်ချင်းရုန်းကန်ကာငြီးညူလာ၏။

"အိပ်ရမယ့်အချိန်မဟုတ်တော့ဘူး ဟန်နီရဲ့ မျက်လုံးကလေးဖွင့်ပါအုံး။ မောင်ထမင်းခွံ့မလို့"

"မောင်ကဟန်နီ့ကိုတကယ်မချစ်ပါဘူး။"

လက်ကိုဆွဲရုန်းကာ နှုတ်ခမ်းဆူလို့မျက်နှာလွှဲသွားသည့်ဟန်နီ့ကြောင့် သူ့မှာရင်ထဲကလိလိဖြစ်ပြီးအသည်းယားသွားရသည်။ စိတ်ကောက်နေသည့်ချစ်ရသူလေး၏မျက်နှာတည့်တည့်သို့သွားကာထိုင်လိုက်တော့ ချက်ချင်းကိုမျက်နှာအားတစ်ဖက်သို့လွှဲသွား၏။ သူကလည်းခေသူမဟုတ်တာမို့ လွှဲသွားသည့်မျက်နှာလေးအား လက်ဖဝါးနှစ်ဖက်ဖြင့်ဆွဲယူကာ မျက်နှာချင်းပြန်ဆိုင်စေလိုက်သည်။

"ကျွန်တော်မျိုးက သခင်ငယ်လေးကို အမှန်တကယ်မြတ်မြတ်နိုးနိုးနဲ့နှစ်နှစ်ကာကာချစ်တာပါဗျ ဒါကိုဘယ်လိုကြောင့်များ တကယ်မချစ်ဘူးလို့ထင်ရသလဲသခင်ငယ်လေးရယ် ပြောပါအုံး"

Sad But True (Toxic Love) [Completed]Where stories live. Discover now