Chapter-25 [Unicode]

4.3K 231 39
                                    

[January.1.2024]

တိတ်ဆိတ်မှောင်မည်းနေသည့်အခန်းငယ်အတွင်း ရှိုက်သံသဲ့သဲ့ကသာကြီးစိုးလို့နေလေသည်။ မကြာလိုက်သောအချိန်၌ ထိုငိုရှိုက်သံအချို့‌ပျောက်ကွယ်သွားပြီး ခြံသံတစ်ရှပ်ရှပ်ကိုကြားရပြန်၏။

ဂျောက်!

မီးခလုတ်ဖြူဖြူကလေးသည် သခင်၏လက်ညှိုးက‌လေးစေရာ အပေါ်သို့ပင့်တက်သွားပြီးနောက်မှာတော့ အခန်းတွင်းအပြာရောင်မီးရောင်ကလေးသည် ထွန်းလင်းလို့လာခဲ့လေသည်။

"မုန်းတယ်။"

ရက်တွေကနေတစ်လပြီး၍တစ်လကူးပြောင်းခဲ့ပြီဖြစ်သော်လည်း မောင်သည် သူ့ထံသို့ယခုအချိန်ထိပြန်မလာခဲ့ပါချေ။ ဘာကြောင့်များလည်း မောင်ဟာအခုချိန်ထိ မင်ဆူရီဆိုသောအမျိုးသမီးအားရွေးချယ်နေဆဲလား။ ဒါမှမဟုတ် သူပေးလိုက်သောဖိုင်အိတ်ထဲမှအရာများအား ယခုအချိန်ထိ‌မောင်သည်ဖွင့်မကြည့်ခဲ့‌တာများလားလေ။

ဒေါက်! ဒေါက်! ဒေါက်!

"ကိုကိုလေးရေ! အောက်မှာကိုကိုလေးဧည့်သည်ရောက်နေတယ်။ ထွက်လာခဲ့ပါအုံး။"

ဧည့်သည်။ သူ့မှာ အိမ်သို့တကူးတကလာတွေ့စရာဧည့်သည်ဟူ၍မရှိပါချေ။ တွေဝေနေသောစိတ်အစဉ်ဖြင့် ထိုင်နေရာမှဖြေးဖြေးချင်းအားယူထလိုက်သည်။ နေ့စေ့လစေ့ဖြစ်နေသောဗိုက်ကြောင့် အရင်လိုသိပ်မလှုပ်ရှားနိုင်တော့။

"ဘယ်သူလဲ။"

"မျှော်နေတဲ့တစ်ယောက်တဲ့..."

ဗြောလေးပြောလိုက်သောစကားကြောင့် သူ့ရင်ထဲ၌ဒိတ်ခနဲတစ်ချက်ဆောင့်ခုန်သွားရလေသည်။ မောင်များလားဟုတွေးမိသော်လည်း မဖြစ်နိုင်ပါဘူးဟူသောအတွေးကများနေ၍ စိတ်ကိုလျှော့ချလိုက်မိ၏။

"ခဏလေး ခဏနေရင်ဆင်းလာခဲ့မယ်လို့ပြောပေး..."

အချိန်အားဖြင့် ည(၇)နာရီကျော်။ ညဉ့်မနက်သေးသော်လည်း ဤအချိန်မှသူများအိမ်တွင်ဧည့်သည်လာလုပ်ခြင်းသည် အနည်းငယ်တော့သံသယဖြစ်စရာပင်။ ဆူထွက်နေသောဗိုက်လေးအား လက်ဖြင့်အသာအယာကွယ်ကာရင်း သူအောက်ထပ်သို့ဖြေးဖြေးမှန်မှန်ခြေလှမ်းများဖြင့်ဆင်းလာခဲ့သည်။

Sad But True (Toxic Love) [Completed]Where stories live. Discover now