Chapter_18 [ Unicode ]

2.8K 221 64
                                    

စာကြည့်ခန်းအတွင်းလေထုသည် အေးစက်၍ငြိမ်သက်လို့နေသည်။ ဂျောင်ကုသည် လေးထောင့်ကျွန်းစားပွဲကြီး၏တစ်ဖက်တစ်ချက်တွင်ထိုင်နေကာ မျက်နှာချင်းဆိုင်အရပ်မှယောက္ခထီးဖြစ်သူအား မဝံ့မရဲဖြင့်ဖျတ်ခနဲတစ်ချက်လှမ်းကြည့်လိုက်၏။ တည်တည်ငြိမ်ငြိမ်မျက်နှာထားနှင့်ယောက္ခထီးဖြစ်သူသည် သတင်းစာတစ်စောင်ကိုသဲသဲမဲမဲဖတ်လို့နေကာ သူ့ထံတွင်အာရုံရှိနေပုံမပေါ်။ သို့ကြောင့် ပင့်သက်တစ်ချက်ကိုရှိုက်လိုက်ကာ ချောင်းတစ်ချက်ဟန့်လိုက်ရလေသည်။

"အဟမ်း!"

"ဪ...ပြောစရာရှိတာပြောလေ၊ ငါနားထောင်နေပါတယ်။"

သူ့ထံသို့အကြည့်တစ်ချက်သာဝေ့လာပြီး သတင်းစာရွက်ထံအကြည့်ပြန်ရောက်သွားသည့်ယောက္ခထီးဖြစ်သူကြောင့် ဂျောင်ကုသက်ပြင်းရှိုက်မိပြန်၏။ ယောက္ခထီးကြီးသည် သူပြောမည့်ကိစ္စဟာအလုပ်ကိစ္စမဟုတ်လို့များ အခုလိုခပ်ပေါ့ပေါ့ဆိုနေခြင်းပေလားမသိ။

"ကျွန်တော်ထယ်ယောင်းနဲ့ကွာရှင်းချင်ပါတယ်။ လက်ခံပေးပါ အဖေ"

"ဘယ်လို"

မျက်ခုံးကိုပင့်ကာချက်ချင်းတုံ့ပြန်လာသည်ကြောင့် ဂျောင်ကုအားတက်သွားရ၏။ သို့ကြောင့် စကားစကိုမပြတ်စေပဲချက်ချင်းပင်...။

"ထယ်ယောင်းနဲ့ကွာရှင်းဖို့အဖေ့ဆီကခွင့်ပြုချက်လာတောင်းတာပါ။"

"ဒါဆိုရင်တော့ လာရာလမ်းအတိုင်းပြန်ဖို့ကိုပဲအကြံပေးချင်တယ်။ ဒီကိစ္စကိုငါဘယ်လိုနည်းနဲ့မှသဘောမတူနိုင်ဘူး။"

"ကျွန်တော်တို့အဆင်မပြေဘူး အဖေ..."

"ဒါကမင်းတို့ကိစ္စလေ၊ အဆင်မပြေရင်ပြေအောင်ညှိနှိုင်းပြီးနေကြပေါ့..."

သတင်းစာကိုလက်ကမချပဲဆိုနေသည့်ထယ်ယောင်း၏ဖခင်အားကြည့်ကာ ဂျောင်ကုစိတ်ပျက်သွားမိသည်။ ကလေးတစ်ယောက်ရှိနေလို့ပါဟုပြောလိုက်ချင်သော်ငြား ပိုက်ဆံရှိလူတန်းစားတို့၏ပါးစပ်ကိုကြောက်ပါသည်။ အခြားတော့မဟုတ် Suriအားလက်စဖျောက်ပစ်ဖို့ခိုင်းစေလိုက်မှာတို့...ကလေးအားတစ်ခုခုဖြစ်အောင်ကြံစည်ခိုင်းလိုက်မှာတို့ကြောင့် ပြောမထွက်ရခြင်းဖြစ်၏။

Sad But True (Toxic Love) [Completed]Where stories live. Discover now