မောင်...နေကောင်းရဲ့လား။ အဆင်ပြေနေရဲ့လား။
အမှန်အတိုင်းပြောရရင် ဟန်နီကတော့မောင်နဲ့ဝေးရာအရပ်မှာ
မနေနိုင်၊မပျော်နိုင်ခဲ့ပါဘူး မောင်။ မောင့်ကိုလွမ်းတယ်။မောင်ဒီစာကိုဖတ်နေတဲ့အချိန်ထိ မဟုတ်သေးဘူး။ အသက်တွေကြီးပြီး
လူ့ဘဝမှာနေရမယ့်သက်တမ်းကုန်ဆုံးတဲ့အထိ မောင့်ကိုချစ်နေအုံး၊
လွမ်းနေအုံးမှာပါ။မောင်နောင်တတွေရနေပြီလား။ ဟန်နီမောင့်ကိုလက်လွှတ်ပေးခဲ့တဲ့
တစ်ခုတည်းသောအကြောင်းအရင်းက နောင်တရစေချင်လို့ဆိုတာ
သိတယ်မဟုတ်လား။မောင်ပြောဖူးတဲ့အဆိပ်အတောက်ဆန်လှတဲ့ဟန်နီ့ချစ်ခြင်းတွေဟာ
မောင့်အတွေးထဲမှာ အခုချိန်ထိအဆိပ်အတောက်ဆန်နေတုန်းလားဆို
တာဟန်နီသိချင်မိတယ် မောင်။ နောက်ပြီး ဒီစာကိုဖတ်နေတဲ့အချိန်မှာ
ဘယ်အရိပ်ဟာမောင့်အတွက်အအေးချမ်းနိုင်ဆုံးလဲဆိုတာ မောင်ခွဲ
ခြားသိမြင်နိုင်ပြီလို့ဟန်နီထင်ပါတယ်။ဒါနဲ့လေ...ဟန်နီ မောင့်ကိုဝန်ခံပြောပြစရာတစ်ခုရှိတယ် သိလား။
မောင့်ကိုစွန့်လွှတ်နိုင်ခဲ့ပြီ။ မုန်းနိုင်ခဲ့ပြီ။ သံယောဇဉ်ကြိိုးတွေကိုဖြတ်
တောက်ပစ်နိုင်ခဲ့ပါပြီလို့ကြွေးကြော်ခဲ့တာဟာ လိမ်ညာခဲ့ခြင်းသက်သက်
ပါမောင်။ ဟန်နီကိုယ့်ကိုယ်ကိုရော အများကိုပါ အဲ့ဒီလိုမျိုးလိမ်ညာခဲ့
မိပါတယ်။လူတစ်ယောက်မှာ ခွင့်လွှတ်သည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ်
မောင်ရဲ့၊ ဒါပေမယ့်လေ ဟန်နီကအဲ့ဒီလိုအတိုင်းအတာတွေကိုကျော်
လွန်ပြီး မောင့်ကိုပိုခွင့်လွှတ်နိုင်၊ပိုသည်းခံပေးနိုင်ပါတယ်။မောင်ယုံမယ်မလား ဟင်...။
ခွင့်လွှတ်ပါတယ်။
မောင်မှားခဲ့သမျှ၊ မောင်ပြုမူခဲ့သမျှအရာရာတိုင်းကိုခွင့်လွှတ်တာမို့ ပြန်လာခဲ့ပါတော့ မောင်။ဟန်နီ့ရင်ခွင်ကို တန်းတန်းမတ်မတ်ပြန်လာခဲ့ပါတော့....။
--------------------------------------------------------
ေမာင္...ေနေကာင္းရဲ႕လား။ အဆင္ေျပေနရဲ႕လား။
အမွန္အတိုင္းေျပာရရင္ ဟန္နီကေတာ့ေမာင္နဲ႔ေဝးရာအရပ္မွာ
မေနႏိုင္၊မေပ်ာ္ႏိုင္ခဲ့ပါဘူး ေမာင္။ ေမာင့္ကိုလြမ္းတယ္။ေမာင္ဒီစာကိုဖတ္ေနတဲ့အခ်ိန္ထိ မဟုတ္ေသးဘူး။ အသက္ေတြႀကီးၿပီး
လူ႔ဘဝမွာေနရမယ့္သက္တမ္းကုန္ဆုံးတဲ့အထိ ေမာင့္ကိုခ်စ္ေနအုံး၊
လြမ္းေနအုံးမွာပါ။ေမာင္ေနာင္တေတြရေနၿပီလား။ ဟန္နီေမာင့္ကိုလက္လႊတ္ေပးခဲ့တဲ့
တစ္ခုတည္းေသာအေၾကာင္းအရင္းက ေနာင္တရေစခ်င္လို႔ဆိုတာ
သိတယ္မဟုတ္လား။ေမာင္ေျပာဖူးတဲ့အဆိပ္အေတာက္ဆန္လွတဲ့ဟန္နီ႔ခ်စ္ျခင္းေတြဟာ
ေမာင့္အေတြးထဲမွာ အခုခ်ိန္ထိအဆိပ္အေတာက္ဆန္ေနတုန္းလားဆို
တာဟန္နီသိခ်င္မိတယ္ ေမာင္။ ေနာက္ၿပီး ဒီစာကိုဖတ္ေနတဲ့အခ်ိန္မွာ
ဘယ္အရိပ္ဟာေမာင့္အတြက္အေအးခ်မ္းႏိုင္ဆုံးလဲဆိုတာ ေမာင္ခြဲ
ျခားသိျမင္ႏိုင္ၿပီလို႔ဟန္နီထင္ပါတယ္။ဒါနဲ႔ေလ...ဟန္နီ ေမာင့္ကိုဝန္ခံေျပာျပစရာတစ္ခုရွိတယ္ သိလား။
ေမာင့္ကိုစြန႔္လႊတ္ႏိုင္ခဲ့ၿပီ။ မုန္းႏိုင္ခဲ့ၿပီ။ သံေယာဇဥ္ႀကိိုးေတြကိုျဖတ္
ေတာက္ပစ္ႏိုင္ခဲ့ပါၿပီလို႔ေႂကြးေၾကာ္ခဲ့တာဟာ လိမ္ညာခဲ့ျခင္းသက္သက္
ပါေမာင္။ ဟန္နီကိုယ့္ကိုယ္ကိုေရာ အမ်ားကိုပါ အဲ့ဒီလိုမ်ိဳးလိမ္ညာခဲ့
မိပါတယ္။လူတစ္ေယာက္မွာ ခြင့္လႊတ္သည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာရွိတယ္
ေမာင္ရဲ႕၊ ဒါေပမယ့္ေလ ဟန္နီကအဲ့ဒီလိုအတိုင္းအတာေတြကိုေက်ာ္
လြန္ၿပီး ေမာင့္ကိုပိုခြင့္လႊတ္ႏိုင္၊ပိုသည္းခံေပးႏိုင္ပါတယ္။ေမာင္ယုံမယ္မလား ဟင္...။
ခြင့္လႊတ္ပါတယ္။
ေမာင္မွားခဲ့သမွ်၊ ေမာင္ျပဳမူခဲ့သမွ်အရာရာတိုင္းကိုခြင့္လႊတ္တာမို႔ ျပန္လာခဲ့ပါေတာ့ ေမာင္။ဟန္နီ႔ရင္ခြင္ကို တန္းတန္းမတ္မတ္ျပန္လာခဲ့ပါေတာ့....။
YOU ARE READING
Sad But True (Toxic Love) [Completed]
Fanfictionအမုန်းတွေအား အတိတ်မှာချန်ရစ်လို့ မြတ်နိုးကြင်နာခြင်းများဖြင့် အနာဂတ်အား အတူတကွဖန်တီးမည်။ ချစ်ခြင်းမေတ္တာများဖြင့် ပစ္စုပ္ပန်အားလျှောက်လှမ်းလို့ ရာသီတိုင်း အပြုံးတို့ေဝစေသား။ Start date_11.1.2021 End date _30.3.2022