အခန်း◀၀၆▶

1.7K 237 25
                                    

တံခါးဝမှ ဝင်လာသည့်အရိပ်ကိုမြင်လိုက်သဖြင့် ဖုန်းပြောနေရာက တမန်မော့ကြည့်လိုက် သည်။ခပ်ပြုံးပြုံးနဲ့ဝင်လာသည့် သိဒ္ဓိက .. ပြော... ပြော..ဆိုသောပုံစံနဲ့ မေးဆတ်ပြကာ ခုံတစ်လုံးမှာ ဝင်ထိုင်နေလေသည်။တမန်က ဖုန်းကို အဆုံးသတ်ကာ ချလိုက်ရင်း...

"ဘယ်လေတိုက်လို့ လွင့်လာတာလဲ... စောစောစီးစီးပါလား.."

" ရုံးမသွားခင်လှည့်ဝင်လာတာ... အခြေအနေလေးလေ့လာရအောင်.... မဝင်ခင် သေချာကြည့်ရသေးတယ်ကွ.... မင်းခြံကိုဇောက်ထိုးများလုပ်ထားပြီလားလို့..."

သိဒ္ဓိက ပြုံးစိစိလုပ်နေသည်။သူများမောင်နှမတွေလိုမတူလှပဲ မရွှေစင်ရှိတုန်းကတည်းက သူတို့သုံးယောက်ဟာသူငယ်ချင်းတွေလို တတွဲတွဲနေရာတကာအတူသွားကာ ရုပ်ရှင်အတူကြည့် မုန့်ထွက်စားကြနဲ့ အချိတ်အဆက်မိကြပါသည်။ရွှေစင်အိမ်ထောင်ကျသွားပြီး သူတို့ကလည်းကိုယ်စီအလုပ်ဝင်လိုက်ကြသဖြင့် အရင်ကလောက်မတွဲမိတော့တာတောင် သူ့အိမ်ကိုယ့်အိမ်ကူးလူးကာ မကြာခဏတွေ့ဖြစ်ကြတုန်း။လက်ဖက်ရည်ဆိုင် ဘီယာဆိုင်တို့ကိုလည်း တစ်ပတ်တစ်ခါလောက်တော့အတူထိုင်ဖြစ်ကြတုန်းပင်။ညီအစ်ကိုလိုထက် သူငယ်ချင်းတွေလိုပဲ ရင်းနှီးပေါင်းသင်းခဲ့တာမို့ တမင်တကာ ရည်ရွယ်ပြောပြခဲ့တာ မဟုတ်ပေမယ့်...တမန့်ရဲ့ တစ်ဖက်သတ်ရင်ခုန်သံတွေအကြောင်း သိဒ္ဓိက အလိုလိုရိပ်မိနေကာ အမြဲတမ်းမထိတထိစနောက်နေကျပါ။အခု...ချမ်းကလေးကို ခြံထဲခေါ် ထားရမယ့်အကြောင်း သိသွားတော့လည်း ... ရယ်လို့ပဲမဆုံး... နောက်လို့မဆုံး။

သိဒ္ဓိက တမန်နဲ့ တစ်ဝမ်းပဲကွဲသလို.... ချမ်းနဲ့ကျတော့လည်း နှစ်ဝမ်းပဲကွဲတဲ့ ညီအစ်ကိုမဟုတ်လား။အစကတော့ တမန့်မှာ ရှက်ရမလို..မျက်နှာပူရမလိုရှိပေမယ့်... နောက်တော့လည်း မရှက်နိုင်တော့ပေ။ကိုယ်က ခဏတဖြုတ်အတွက် ရည်ရွယ်စိတ်ကစားတာလည်းမဟုတ်... တကယ်ပင် ဖျောက်ဖျက်ပစ်ဖို့မဖြစ်နိုင်လောက်အောင် စူးနစ်ခိုင်မြဲစွာနှောင်တွယ်နေမိတာမို့... ဟန်ဆောင်ထားနိုင်လဲ ခဏတဖြုတ်သာပေါ့...တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ သူနဲ့အရင်းနှီးအပတ်သတ်ဆုံးဖြစ်သည့် သိဒ္ဓိက အ‌နှေးနဲ့အမြန်ရိပ်မိလာမှာပဲဆိုတာ တမန်သိပါသည်.... မထူးတဲ့အတူတူ.. ဖုံးဖိကွယ်ဖွက်ဖို့လည်း ... ကြိုးစားမနေတော့ ပါ။

မနီးချင်...မဝေးချင်||completed||Tahanan ng mga kuwento. Tumuklas ngayon