အခန်း◀၁၆▶

1.4K 197 39
                                    

"ဟုတ်ကဲ့ ဒီပါချမ်းမြကပါ..."

" ဗျို့ .. ဦးစေတမန်လား..."

အသံကြားရုံနဲ့.. ပြင်ဦးလွင် ပန်းစိုက်ခြံက ကိုနေမျိုးလွင်မှန်းသိလိုက်သည်။

" ကိုမျိုးလား... ဟုတ်တယ်ဗျ.. ကျွန်တော်ပါ... ပြောလေ..."

" မောင်ရင်မှာထားတဲ့ သဇင်မျိုးတွေ... ကိုယ်ထည့်ပေးလိုက်ပြီကွ... ဒီနေ့မနက်ကားနဲ့ပဲ.. အဲ့ဒါလေး လှမ်းအကြောင်းကြားတာ..."

" အာ..ဟုတ်ပြီ ဟုတ်ပြီ.. ကျေးဇူးပဲ ကိုနေမျိုး....အစ်ကိုကော ဒီကိုဆင်းမလာတော့ဘူးလား...လာခဲ့ဦးလေဗျာ... မတွေ့ရတာကြာနေပြီ"

" လာခဲ့မယ်လေ... မောင်ရင်ကော ဘယ်လိုလဲ... ခုထိတစ်ယောက်ထဲပဲလား..."

" မစွံသေးလို့ပေါ့ ကိုမျိုးတို့က အားမှမကိုးရတာ..."

" ဟား...ဟား... မောင်ရင်ကတော့ တစ်သက်လုံးပျော်ချင်လို့ သစ်ပင်ပဲစိုက်ပြီးနေမယ့် လူထင်ပါတယ်ကွာ... ကိုယ့်ဘာသာ မစွံနိုင်တာသေချာရင်လည်းပြောဟေ့... ကိုယ့်မှာ ခယ်မတွေရှိတယ်ကွ.... လူကတော့ သိပ်မဝရှာပါဘူး စားနိုင်သောက်နိုင်နဲ့ မောင်ရင့်နှစ်ဆလောက်ပဲရှိပါတယ်... ဟား..ဟား..ဟား.. "

ဒီလူတွေကတော့ တဆိတ်ရှိဒါကို ထိခိုက်ဖို့ပဲ။

ထုံးစံအတိုင်း အသံကျယ်ကျယ် လေများများနဲ့ရယ်ကာမောကာ ဖုန်းချသွားတော့မှ တမန်အလုပ်ဆက်လုပ်ရသည်။ကားဂိတ်ကိုတော့ မနက်ဖြန်ညနေလောက်မှ သွားမေးမှ။ခေါင်းငုံ့ကာ စာရင်းစာအုပ်ရှည်ကြီးထဲ စာရင်းတချို့ဖြည့်သွင်းနေတုန်း အခန်းဝမှာအရိပ်ထင်လာတာကြောင့် တမန်မော့ကြည့်လိုက်သည်။ဥဩက မပြုံးတပြုံးပုံစံဖြင့် တံခါးဘောင်ကိုကိုင်ကာရပ်နေလေသည်။

" သြော် မဩ...လာလေ... ဘာပြောမလို့လဲ..."

" ကိုမန် ထမင်းစားတော့မလားလို့ပါ... စားမယ်ဆိုအသင့်ဖြစ်ပြီလို့..အဲ့ဒါလေးလာပြောတာ..."

တမန်က ဘောလ်ပင်အမြှီးဖျားလေးနဲ့ နဖူးဆံစပ်ကို တဂျိဂျိထိုးကာကုတ်ခြစ်ရင်း စိတ်ကျဉ်းကျပ်သွားသည်။ဒုက္ခပဲ.... ဟိုတနေ့က နေ့လယ်ဘက်အိမ်ပြန်စားရမှာ ပျင်းတာနဲ့ ဦးကရင်တို့ထမင်းစားခေါ်နေတာကို ဝင်စားလိုက်မိတာမှားပါပြီ....အဲ့ဒီနေ့က နေ့ခင်းဘက်ကြီးကို မိုးကရွာလိုက်တာ သည်းသည်းမည်းမည်း။မိုးရွာနေတာကိုကြည့်ပြီး ကားမောင်းပြန်ရမှာ ပျင်းနေကာ တမန်တော်တော်နဲ့ မထဖြစ်။အရင်ရက်တွေ ချမ်းကလေးလိုက်လာနေတုန်းက ထမင်းချိုင့်ထည့်ပေးတာမို့ တသက်လုံးအိမ်ပြန်စားလာတဲ့အကျင့်ကလည်း ပျက်သွားပြီ။မိုးအရမ်းသည်းနေတာမို့ ခြံထဲ တစ်ခေါက်လာကြည့်တဲ့ ဦးကရင်က ရုံးခန်းထဲထိုင်နေသည့် တမန့်ကိုတွေ့သွားကာ...

မနီးချင်...မဝေးချင်||completed||Tahanan ng mga kuwento. Tumuklas ngayon