အခန်း◀၁၈▶

1.4K 185 38
                                    

"အောင်မယ် ဒီနေ့ငါ့သားကြီးတယ်ထူးဆန်းပါလား..."

စိတ်ထဲမှာမြူးရွှင်နေတာမို့ ခေါင်းထဲမှာပေါ်လာတဲ့သီချင်းတစ်ပုဒ်ကိုပဲ သိပ်မရတရနဲ့ တေးသွားအလိုက်လေကလေးတချွန်ချွန်နဲ့ အိမ်ထဲကိုဝင်လာသည့်တမန့်ကို မေမေကအထူးတဆန်းဖြစ်နေသည်။ပြုံးပြီးမေးတဲ့ မေမေ့အနားကိုပြေးလာပြီး ပခုံးကိုဖက်ကာ ခေါင်းမော့လျက်တစ်ချက်ရယ်လိုက်မိသေးလေသည်။

" ရော်.. ဟုတ်နေပါပြီ ဘာတွေများသဘောကျလာသလဲမသိပါဘူးတော်"

" ဘာမှမဟုတ်ပါဘူး မေမေရယ်... သားရေချိုးတော့မယ်... ဒီနေ့ဘာဟင်းချက်တာလဲ..."

" ဒီနေ့ဈေးမသွားဖြစ်တော့ အိမ်မှာရှိတာတွေပဲ ကြံဖန်လုပ်ထားတယ်...ခရမ်းချဉ်သီး ငါးပိချက်တယ်... တို့စရာအစုံနဲ့... မုံရွာဝက်အူချောင်းကြော်တယ်... ဘာထပ်လုပ်ပေးရဦးမလဲ..."

" အား... ဘာမှမလိုတော့ဘူး... ဒါနဲ့တင်အရမ်းစားကောင်းနေပြီ.... ရေချိုးလိုက်ဦးမယ် မေမေ ပြီးရင်စားမယ်နော်..."

ပါးချိုင့်ကလေးပေါ်အောင် ပြုံးမြမြနဲ့ဖြေပြီး ရပ်မနေတော့ပဲ အခန်းကိုဖြတ်ကာ ရေချိုးခန်းဘက်ဆီတစ်ခါထဲလျောက်လာလိုက်သည်။မေမေ့ရှေ့မှာ ကြာကြာနေလို့မဖြစ်။ကိုယ်ကသိပ်ဟန်ဆောင်တတ်တာမဟုတ်။အရမ်းပျော်နေကာ ဖုံးမနိုင်ဖိမရ ပီတိဖြစ်နေတာတွေ ချက်ချင်းရိပ်မိကုန်မှဖြင့်။

လမ်းမှာရေတစ်ခွက်ရပ်သောက်ပြီး ရေချိုးခန်းထဲကိုချက်ချင်းပဲဝင်သည်။ရေပန်းကိုဖွင့်ချကာ တကိုယ်လုံးအေးသွားအောင် ရေအရင်စွတ် ပြီးမှခေါင်းပေါ်မှာအမြှုပ်တွေဖွေးဖွေးလှုပ်တဲ့အထိ မေမေ့ခေါင်းလျော်ရည်ဘူးကိုလောင်းထည့်ပြီး ပွတ်သပ်ပစ်လိုက်သည်။ဆံပင်ကျွတ်သက်သာတယ်ဆိုပြီး နိုင်ငံခြားကတောင် တကူးတကမှာယူကာ သုံးစွဲရတဲ့ ခေါင်းလျော်ရည်ဘူးမို့ မေမေတော့သိရင်နှမျောတော့မှာပဲ။ဆပ်ပြာကိုပါ စိတ်ပြေနပြေတိုက်ကာ အကြာကြီးချိုးနေမိပြီးမှ...ချွတ်ပုံချထားသည့် ပုဆိုးနဲ့ အင်္ကျီကိုပါ တလက်စထဲလျော်လိုက်သည်။

" ဟယ်.. တဝုန်းဝုန်းနဲ့အဝတ်တွေလျော်နေပြန်ပြီ ညကြီးမိုးချုပ်ကျမှ ဒီ‌ကောင်လေးက ဘာစိတ်ကူးပေါက်တယ်မသိဘူး... အအေးတော့ပတ်တော့မှာပဲ... မြန်မြန်လုပ်လေ..."

မနီးချင်...မဝေးချင်||completed||Donde viven las historias. Descúbrelo ahora