အခန်း◀၁၃▶

1.4K 193 39
                                    

" အန္တီဝင္နီ ဒီဘက္မွာ..."

အသစ်ဆောက်ထားသော နှစ်ထပ်ဆောင်ဆေးရုံသစ်ကြီးအပေါ်ထပ်ကိုတက်လာပြီး သားအမိနှစ်ယောက် အခန်းနံပါတ်ကိုစမ်းတဝါးဝါးရှာဖွေနေတုန်း တမန်က အခန်းရှေ့မှာရပ်နေရာက လှမ်းခေါ်သည်။

" ဒီအခန်းလား ကိုမန်..."

" ဟုတ်ကဲ့... မေမေတို့လည်းပါတယ်...အန်တီလာမယ်မှန်းသိရင်ဝင်ခေါ် ပါတယ်..."

"အန်တီလည်း မေမေများလိုက်မလားလို့စောင့်နေတာ...မလိုက်တော့ဘူးတဲ့ အိမ်ပြန်လာမှပဲမြေးကြည့်တော့မယ်တဲ့.... "

လက်ထဲမှာကိုင်ထားတဲ့ အသီးအနှံခြင်းနဲ့ အထုပ်အပိုးတွေကို လက်လွှဲပြောင်းယူရင်း ကိုကိုက ချမ်းကိုငုံ့ကြည့်ပြုံးပြလေသည်။ချမ်းက ပြန်ပြုံးမလို မပြုံးမလို မူစူစူနဲ့ လိုက်ဝင်လာသည်။မုန်တိုင်းရှိတယ်ဆိုပြီး အချိန်မဟုတ်အခါမဟုတ် မိုးတွေရွာနေတဲ့နေ့မှာ မရွှေစင်တစ်ယောက်ကလေးလေးကိုမွေးခဲ့လေသည်။မမကြီးပြနေကျ ဆရာဝန်မကြီးက မှန်းပေးထားတဲ့ရက်ထက် တစ်ပတ်ကျော်ပင်စောနေတာမို့ ဗိုက်နာလာတော့ ဘယ်သူကမှ မွေးတော့မယ်လို့မထင်။သားဦးကလည်းဖြစ်နေသေးတာမို့..

" ဒီလိုပဲသရိုးသရီဖြစ်တတ်ပါတယ်.... မမွေးလောက်သေးပါဘူး..."

ဝိုင်းနှစ်သိမ့်ကာ ထားထားကြပေမယ့် နာလွန်းလို့ မမကြီးအော်ငိုတော့ ဆေးရုံကိုအပြေးပို့ကြရတော့သည်။တစ်ညလုံးနာနေပြီး မိုးလင်းခါနီးမှ မွေးသည်တဲ့။မိန်းကလေး။ချမ်းကအိပ်ရာကနိုးနိုးခြင်းသတင်းကြားကာ မနက်စာပင်မစားနိုင်။ပုတီးစိပ်ရင်း ထိုင်စောင့်နေတဲ့ဘွားဆီကိုတော့ မနက်ခြောက်နာရီခွဲလောက်မှ ဖုန်းဆက်ကြသည်။ဖုန်းသံမြည်လာကတည်းက တစ်အိမ်လုံးပင် ဖုန်းနားကို ဝိုင်းလာကြတာ။"အေး..အေး... နေကောင်းကြရင်ပြီးတာပဲ....ဘွား နေ့လယ်မှလာခဲ့မယ်..."နဲ့.. ဘွား သတင်းမေးနေတာကိုတောင် စိတ်မရှည်နိုင်။သိချင်လှပြီကို။

"အမေကော ကလေးကော အခြေအနေကောင်းတယ်တဲ့...ကိုချမ်းတော့ တူမလေး ရပြီဟေ့..."

ဘွားကဖုန်းကိုချပြီး ပြုံးပြုံးကြီးလှည့်ပြောတော့ ချမ်းက မျက်လုံးကြီးဝိုင်းအောင် စိတ်ဝင်တစားနားစွင့်နေရာက နှုတ်ခမ်းကိုထော်ပစ်လိုက်သည်။

မနီးချင်...မဝေးချင်||completed||Donde viven las historias. Descúbrelo ahora