အခန်း◀၃၀▶

1.2K 173 66
                                    

အဲ့ဒီနေ့က မနက်ခင်းစောစောကြီးမှာပင် အန်တီစံပယ်ရုတ်တရက်ရောက်ချလာလေသည်။အချိန်ဟာ မနက်ခုနှစ်နာရီပင်မထိုးတတ်သေး။ချမ်းသည် အိပ်ရာနိုးစပင်ရှိသေးလျက် မျက်မှာတောင်မသစ်ရသေးပေ။ဖေဖေလည်းအလုပ်မသွားရသေး။မနက်စာစားဖို့ပြင်ဆင်ဆဲ ဘွားနဲ့မေမေသည်လည်း ထမင်းဝိုင်းမှာအတူတူရှိနေကြသည်။

ခြံထဲကားတစ်စီးဝင်လာသံကြားသဖြင့် ထွက်ကြည့်သော ဒေါ်ချိုသည်လည်း ရေးကြီးသုတ်ပြာဝင်လာသည့် ဒေါ်စံပယ်ကိုတွေ့ကာ အံ့အားတသင့်ဖြစ်သွားရသည်။

" အန်တီအခန်းထဲကထွက်လာပြီလား ဒေါ်ချို.."

ဒေါ်မြသက်ထားက နေမြင့်အောင်အိပ်တတ်သူမဟုတ်တာမို့ နိုးနေမှာကိုတော့သေချာသည်။တခါတလေ ဘုရားဝတ်ပြုချိန်က အနည်းငယ်ပိုကြာသွားတတ်လျင် အခန်းထဲမှာပဲရှိနေတတ်တာမို့ အနှောင့်အယှက်ပြုမိမှာစိုးကာအရင်အတည်ပြုသည်။

" ထွက်လာပါပြီ... မနက်စာစားဖို့လုပ်နေတယ်ထင်တယ်... ဝင်သွားလေ မစံပယ်"

စောစောစီးစီးရောက်လာပြီး နွမ်းလျသောမျက်နှာထားကြောင့် ဘာများဖြစ်ပါလိမ့်ဟုအံ့အားသင့်လျက်ကပဲ ဒေါ်ချိုက ထမင်းစားခန်းထဲသို့လမ်းညွှန်လွှတ်လိုက်ပါသည်။

" ဟော... မစံပယ် အစောကြီးပါလား... လာ ကော်ဖီသောက်ဦး...."

ဝင်ဝင်လာချင်း မြင်တွေ့သည့်ဒေါ်ဝင်နီက ဖော်ရွေကြိုဆိုနေဆဲ ခုံတစ်လုံးမှာအရုပ်ကြိုးပြတ်ဝင်ထိုင်လိုက်ကာ မျက်ရည်တပေါက်ပေါက်ကျလာတော့သည့် ဒေါ်စံပယ်ကြောင့် အားလုံးပင် အံ့အားသင့်လန့်ဖျန့်ကုန်ကြရလေသည်။

" ဘာဖြစ်လာသလဲ စံပယ်....  ဝင်နီ ရေတိုက်စမ်း ရေ.... စံပယ်စိတ်လျော့ ... နင့်မှာသွေးတိုးနဲ့  စိတ်ကိုလျော့လိုက်  ဘာဖြစ်သလဲဆိုတာငါ့ကိုပြော.."

ဒေါ်ဝင်နီက အပြေးအလွှားရေအေးအေးတစ်ခွက်ငှဲ့ပေးကာ သောက်စေလျက် ဦးသိင်္ခပါ ဘာလုပ်ရမှန်းမသိပဲ စားလက်စ ပေါင်မုန့်ထောပတ်သုတ်ကိုကိုင်ကာ ဒေါ်စံပယ်ကိုပဲ ငေးကြည့်နေမိသည်။ဒေါ်စံပယ်သည် မျက်နှာနီရဲလျက် ရေတစ်ခွက်ကိုကုန်အောင်သောက်ပြီးမှ အနည်းငယ်အသက်ရှုမှန်လာသလို စကားပြောနိုင်သည်။

မနီးချင်...မဝေးချင်||completed||Donde viven las historias. Descúbrelo ahora