အခန်း◀၂၃▶

1.2K 165 37
                                    

ဘွား လက်မခံမှာ.... ဒေါသထွက်မှာကိုသိပေမယ့်.... ဤသို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်လိမ့်မည် ဟုတော့ မထင်ခဲ့ရိုးအမှန်ပင်တည်း။သို့ပေမယ့် ဘွားက ရက်စက်သော ဆုံးဖြတ်ချက်ကိုသာ ချမ်းအတွက် ပေးခဲ့လေသည်။တစ်ညနဲ့တစ်ရက်လုံးလုံး ဘွားဆီကအသံတိတ်နေတာမို့ ရင်မောစွာ စောင့်မျှော်နေရသော ချမ်းသည်..

" မေမေ့ သူငယ်ချင်းတစ်ယောက် ဦးစီးပြီးလုပ်နေတဲ့ စာသင်ကျောင်းတစ်ကျောင်းရှိတယ်... ကျောင်းအုပ်ဆရာမကြီးဟောင်းဆိုတော့....ကျောင်းကအုပ်ချုပ်တာစည်းကမ်းလည်းရှိ... စာမေးပွဲအောင်ချက်ကလည်းကောင်းတယ်.... ချမ်းကိုဒီတစ်နှစ်လောက်တော့ အဲ့ဒီကိုပဲ ပို့ထားလိုက်ကြရအောင်...."

မိသားစုသုံးယောက်လုံးကို အခန်းထဲ‌ခေါ်တော့... ဖေဖေနဲ့မေမေကိုပါပြောတော့မလားတွေးကာ ချမ်းထိတ်လန့်ခဲ့ရသေးသည်။ဒါပေမယ့် ထင်တော့မထင်ပါ။ဘွားဟာ ဒီကိစ္စကို တခြားလူတွေသိမှာ ဘယ်လောက်စိုးရွံ့သလဲဆိုတာ ချမ်းအသိဆုံးမို့ပင်။ဒါပေမယ့် အဘွားလုပ်သူရဲ့ စကားကို တကယ်တမ်းကြားတော့ ထင်ထားသလိုမဟုတ်ပေမယ့် မိုက်ခနဲနေအောင်ပင် အလန့်တကြား ဖြစ်သွားရပါသည်။

ရုတ်တရက်မို့ ဒေါ်ဝင်နီနဲ့ ဦးသိင်္ခမှာလည် ဘာပြန်ပြောရမှန်းမသိပဲဖြစ်နေကြသည်။ချမ်းကတော့ စိတ်ထဲက ချက်ချင်းပဲခါးခါးသီးသီးငြင်းပစ်လိုက်ကာ အပြင်မှာတော့ ထုတ်မပြောရဲပဲ နှုတ်ခမ်းလေးမဲ့ပြီး ငြိမ်နေရသည်။

ဘွားဘယ်လောက်ဒေါသဖြစ်ခဲ့လဲဆိုတာမြင်ပြီးပြီပဲ...ဒေါသထွက်ကာ အော်လိုက်တာ...ရိုက်လိုက်တာကိုခံချင်သေးသည်...အတွင်းကျိတ်ကာ ဘွားနာကျင်ခံစားနေရပုံကို မြင်ရတာ ပိုထိတ်လန့်ပါသည်။

" စေတမန်..ဆိုတဲ့ကောင်... မြေးတွေထဲမှာ အလိမ္မာဆုံးလို့ထင်ထားကာမှ... သူက ငါ့နောက်ကျောကို ဓားနဲ့ထိုးရက်တယ်.."

ဘွားက တိုးတိတ်စွာသာမချိတင်ကဲရေရွတ်ခဲ့လေသည်။ချမ်းက အဆူခံ အရိုက်ခံလိုက်ရတာထက်ပင် ဝမ်းနည်းလျက် မျက်ရည်စိမ့်လည်လာကာ။

" ကိုကို့ကို မဆူပါနဲ့နော်..ဘွား..အန်တီစံပယ်တို့ကိုလည်းမပြောပါနဲ့..."

မနီးချင်...မဝေးချင်||completed||Onde histórias criam vida. Descubra agora