အခန်း◀၃၂▶

1.2K 172 45
                                    

အနီရောင်ခေါင်းပြားပြားရှည်မျောမျောကားကလေးက မြက်ခင်းပြင်ပေါ်နင်းဖြတ်လာကာ သစ်ပင်ရိပ်မှာရပ်တန့်လိုက်တာကို အုပ်စုဖွဲ့စကားပြောနေသူများက လှည့်ကြည့်နေကြသည်။မဏိတို့အတန်းတွေက နေ့လယ်မှတက်ရမည်။စာသင်ချိန်တွေမစသေးတဲ့အချိန်မို့ စာသင်ခန်းတွေရှေ့မှာ ကော်ရစ်ဒါမှာ ကျောင်းသားတွေရုံးစုရုံးစု ဆူညံစည်ကားနေသည်။မဏိနဲ့ သူငယ်ချင်းသုံးလေးယောက်လောက်လည်း လှေကားထစ်တွေမှာ ထိုင်နေကြတာဖြစ်ပါသည်။ကားကလေးရပ်လိုက်တာကို ခေါင်းငုံ့ကာ လွယ်အိတ်ထဲကဖုန်းကိုရှာနေသည့်အခိုက်မို့ မဏိကမမြင်သေး ထိုင်နေသည့်အုတ်ခုံကလေးအရှေ့မှာ ခြေထောက်တစ်စုံလာရပ်မှပဲ မော့ကြည့်လိုက်မိပါသည်။

" ဟဲ့..ချမ်း..."

" နင် မနက်ကဖုန်းကျန်ခဲ့တယ်ဆိုလို့ အန်တီစကားက ငါနဲ့ထည့်ပေးလိုက်တာ.."

မဏိက ကမ်းပေးနေသည့် ကာဗာပန်းနုရောင်နားရွက်ထောင်ကလေးတွေပါသော ဖုန်းကိုလှမ်းယူလိုက်ကာ ချမ်းကိုချစ်ခင်စွာပြုံးပြလိုက်သည်။ချမ်းရဲ့ကားနီကလေးကိုလည်း ခုမှပင်မြင်ပါသည်။ဆံပင်ညိုညို အရောင်ဆန်းပြားသောမျက်လုံးကလေးတွေနဲ့ ဗမာရုပ်မပေါက်လှသော ချမ်းဟာ ရှပ်ဖြူဖြူ ပုဆိုးနီညိုညို လေးညှင်းရောင်ဖိနပ်ညိုညိုတို့နဲ့လည်း ထူးထူးဆန်းဆန်းလိုက်ဖက်တင့်တယ်နေကာ ကြည့်ကောင်းလှတာမို့ အတူထိုင်နေသည့် သူငယ်ချင်းတွေသာမက အနားဝန်းကျင်က လူတွေလည်း ကားနဲ့တကွသော ကားပေါ်ကဆင်းလာသူကလေးကိုပါ လှည့်တကြည့်ကြည့်ငေးမောနေကြတာပင်။

" ငါအခုပဲ ဖုန်းရှာနေတာဟဲ့... မတွေ့လို့ ဘယ်နားကျန်ခဲ့လဲစဉ်းစားနေတာ.. တိုင်းချူးပဲငါ့မောင်လေး.."

ချမ်းက သူ့ကို မောင်လေးလို့ခေါ်သဖြင့် မကြိုက်ယောင် နှာခေါင်းလေးကိုရှုံ့လိုက်ပေမယ့် သူငယ်ချင်းတွေရှိနေတာမို့ မဏိကိုပြန်မပြောပါ။

" နင်အစောပိုင်းအတန်းရှိလား "

" ရှိတော့ရှိတယ်  ဆယ့်နှစ်ခွဲမှစမှာပါ.... "

" ဒါဆို မုန့်သွားစားမယ်လေ ချမ်း ငါကျွေးပါ့မယ်... လိုက်ခဲ့ပါလား..."

မနီးချင်...မဝေးချင်||completed||Onde histórias criam vida. Descubra agora