အပိုင်း-3

395 9 0
                                    

ဆူးနစ်လေသော

Unicode::

Part-3

မီးရှူး မီးပန်းတွေကြား ပျော်ရွှင်နေသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ခုန်ပေါက်ပြေးလွှားနေသည်။ "ဟဟျောင့် အဆက် လာလေကွာ မင်းကလဲ ပျော်ရအောင်ပါ"
လက်ကမ်းပေးလာသော လက်လေးတစ်စုံ ပြန်လှမ်းမည်အပြု ရုတ်ချည်းစွာပြောင်းလဲသွားသော ထိုလက်လေးမှာစွန်းထင်းနေသော သွေးတို့ကနီရဲစွာ
တောက်ပနေသော အပြုံးများညှိူးငယ်သွား‌ေသာ မျက်လုံးတို့ကကျွန်တော့်ကို တစ်ခုခုပြောချင်သယောင် ကျွန်တော်‌ေမးချင်ပေမယ့်လဲ စကားလုံးတို့က ထွက်မလာ သွားချင်ပေမယ့်လဲ ‌ခြေထောက်အစုံက လှုပ်၍မရ ကျွန်တော့်ရှေ့ကမြင်ကွင်းကို ကျွန်တော်တားချင်တယ် သို့သော် ကျွန်တော်လုပ်နိုင်သည်မှာနတ္ထိ
ကျွန်တော့်ရဲ့မသိစိတ်က ဆုတောင်းနေမိသည်မှာ ဒီနေရာကြီးကနေ ဆွဲထုတ်ပေးကြပါ ကျွန်တော်ရင်တွေ မွန်းကြပ် လွန်းလို့ တစ်စဆီစုတ်ဖြဲထားသလိုနာကျင်လွန်းလို့ ကျွန်တော်တောင်းပန်ပါတယ် ဒီနေရာကြီးကနေ ခေါ်ထုတ်ပေးစမ်းပါဟူ၍သာ
ထိုဆုတောင်းများပြည့်သည်ထင် ကျွန်တော့်ပုခုံးပေါ်မှ‌နွေးထွေးမှု‌ေလးတစ်ခု ကျွန်တော့်ရင်ကိုနွေးထွေးစေသော ခေါ်သံလေး

- - - - - - - - - - - - - - - - - - - - - -

သိပ်မကြာခင်မှာပဲ ခုတင်ပေါ်က လူနာလေး လှုပ်လှုပ်ရွရွရှိလာပြီး လှုပ်ရှားလာသော ထိုမျက်ဝန်းများ လှလိုက်စမ်းပါဘိ ပကတိရိုးရှင်းသော အညိုရောင်မျက်လုံးလေးများ မနေ့က ပြာယာခတ်နေ၍သေချာမကြည့်မိခဲ့ပေမယ့် ဖြူဖွေး‌ေသော သူ့အသားအရည်ပေါ်က အရည်ရွှမ်းလဲ့နေသော ထိုမျက်ဝန်းများ သို့သော် အသက်မပါနေခဲ့သည်ကတော့ခြွင်းချက်တစ်ခု
ကျွန်တော်ပြန်သတိရမိသည့်အခါ ထိုကောင်လေးက ထိုင်ရင်း ကျွန်တော့်ကို ငေးကြည့်နေသောကြောင့် လူလဲ ဘာကိုင်လို့ကိုင်ရမှန်းမသိဖြစ်သွားရင်း

"အော် ငါ့ညီ အကို့နာမည် ကိုငြိမ်း‌မင်းသူရ
မနေ့က လမ်းမှာ accidentဖြစ်နေတာတွေ့လို့ ဆေးရုံခေါ်လာခဲ့တာ "

ဟုသာ ငြိမ်းမင်းတစ်ယောက် ဖြေရှင်းချက်ထုတ်လိုက်ရသည်သာ တုန့်ပြန့်လာသည်ကတော့ အော် တစ်လုံးထက်တော့မပိုခဲ့

ဆူးနစ်လေသောWhere stories live. Discover now