အပိုင်း-27

117 7 0
                                    

ဆူးနစ်လေသော
Unicode:;
Part-27

"အဆက် ဘာလုပ်နေတာလဲ "ဟုဆိုကာ ပုခုံးပုတ်လာသော မိုးထက်ကိုကြည့်ကာ
"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းပျင်းလို့ထိုင်နေတာ "
"ကျောင်းပိတ်တာလဲ ကြာလိုက်တာနော်"
"ဘာလိုလိုနဲ့ ကျောင်းဖွင့်ရင်ဆယ်တန်းတောင်ရောက်လာပြီ"
"ဟိုကောင် ငမာန်ရော မလာသေးဘူးလား"

ကျောင်းပိတ်တာနဲ့ သူငယ်ချင်းသုံးယောက်စုကာ လျှောက်သွားနေကြပင်။ မသွားတောင် ကျွန်တော်ကတော့ အိမ်တွင်မနေ များသောအားဖြင့်ကတော့ မိုးထက်အိမ်တွင်သာ များပါသည်။ အမာန်အိမ်က နည်းနည်းစည်းကမ်းတင်းကြပ်ပြီး ကျွန်တော့်အိမ်ကတော့ သိတဲ့အတိုင်း ‌ေ‌ပျာ်စရာပင်မရှိသောကြောင့်ပင်  ။ အသက်ရလာသည်နှင့်အမျှ ရန်မဖြစ်ချင်၍သာ အေးဆေးနေနေသော်လည်း ပုန်ကန်ချင်စိတ်ကတော့ ရှိနေပြီဖြစ်သည်။ လတိုင်းကျွန်တော့်ဘဏ်အကောင့်ထဲသို့ ပုံမှန်ငွေလွဲပေးတော့ တော်သေးသည် ပြောရမည် ။ထိုကိစ္စအတွက်က စိတ်မပူရ။ တစ်ခါတစ်လေ မုန့်ဝယ်ပြီး မိုးထက်တို့ အိမ်တွင်သာ သောင်တင်နေတတ်သည်။ မိုးထက်တို့အိမ်က အဖေမရှိသော်လည်း သားအမိတစ်တွေက နွေးထွေးမှုအပြည့်နှင့် သိုက်သိုက်ဝန်းဝန်းပင်။ ကျွန်တော့်ကိုလည်း ကြိုဆိုကြသည်သာ မိုးထက်ညီလေး မိုးဦးဆို ကျွန်တော်လာသည်နှင့် မုန့်လာတောင်းကာ ပျော်ရွှင်နေတတ်သည်သာ။

အခုကတော့ သူငယ်ချင်းသုံးယောက်လျှောက်သွားဖို့ ပြင်နေကြခြင်းဖြစ်သည်။
"အမာန် မင်းကနောက်ကျတာ‌ကွာ"

"အိမ်ကိုပြောရသေးတယ်ဟ အခုတောင် ငါ့အကိုကြီးပြောပေးလို့ မဟုတ်ရင်မရဘူး"

"မင်းအိမ်ကလဲ မင်းကို မိန်းကလေးများမှတ်နေကြသလားဘဲ ဟိုမသွားရဒီမသွားရနဲ့"ဟု မိုးထက်ကပြောလည်းပြော ထရီသောကြောင့်
အမာန်ရဲ့ ကန်ချက်မိသွားမှ အရီရပ်တော့သည်။

"တော်ပါပြီဟာ မင်းတို့ကလဲ ကဲပြော အခုဘယ်သွားမလဲ
နောက်တစ်ပတ်ကျောင်းကပြန်ဖွင့်ပြီ မဖွင့်ခင်လေး"ဟု စကားလမ်းကြောင်းလွဲလိုက်မှ ငနာနှစ်ကောင်ရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီသို့

ဆူးနစ်လေသောWhere stories live. Discover now