အပိုင်း-20

167 7 0
                                    

ဆူးနစ်လေသော

Unicode:;
Part-20

မနက်က အဖြေရထားလို့ ပျော်ရွှင်နေသော်လည်း  တစ်ညလုံး ကောင်းစွာ မအိပ်ရသေးသောကြောင့် စာသင်နေရင်းလည်း လူက နွမ်းလျနေသည်။ ငယ်ကတော့ ခွင့်တိုင်ဖို့ပြောပေမယ့်လည်း ပျက်ရက်‌ေတွက များနေပြီမလို့သာ လာလိုက်သော်လည်း လူက တကယ်ကို နားချင်နေပြီဖြစ်သည်။ တစ်နေ့လုံး အားယူကာ စာသင်ပြီး အတန်း‌ချိန်တွေကုန်တော့ ရုံးခန်းထဲပြန်လာပြီး ကော်ဖီတစ်ခွက် ဖျော်မည်ပြုရင်း ငယ့်ဆီက ဖုန်းဝင်လာသည်သာ

"ကို ..."

"ဟမ် ငယ့်ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ် " ထိုခေါ်သံတစ်ခုတည်းနဲ့တင်  ပင်ပန်းနေသည်မျှ ယူပစ်သလိုကို ပျောက်ပျယ်သွားပါသည်

"တော်ပြီ အခု အတန်းတွေပြီပြီးမလား အဲ့တာဆို အိမ်ပြန်အိပ်တော့လေ  ည‌ေနကျရင် ငယ့်ဆီလာခဲ့ ညစာ စားရင်းနဲ့ အရမ်းရမ်းအရေးကြီးတာ တိုင်ပင်စရာရှိတယ် "

အရမ်းအရေးကြီးတာတဲ့လား ငယ့်မှာဘာများ အဆင်မပြေတာများရှိနေမိပါလိမ့်  တွေးပူနေမိပါသည်။ သို့သော်လည်း နှုတ်ကတော့

"ဟုတ်ပါပြီဗျာ " ဟူ၍သာ

ငယ် ဖုန်းဆက်ပြီးသည်နှင့် အိမ်တန်းပြန်ကာ တစ်ရေးတစ်မော အိပ်ရန် ကြံစည်လိုက်သော်လည်း ငယ့်ရဲ့အရမ်းအရေးကြီးတာ ဆိုတာကြီးက ဦးနှောက် တစ်ခုလုံးကိုကော နှလုံးသားတစ်ခုလုံးကိုကော စိုးမိုးထားလေရာ စိတ်မပျော်နိုင်ဖြစ်ရပါသည်။

အရာအားလုံးကို စိုးမိုးထားသော်လည်း မျက်လုံးတွေတော့မပါခဲ့ပါ  သိပ်မကြာခင်ပင် အိပ်ပျော်သွား‌ပြီး ဘေးက alarmသံကြားမှသာ နိုးလာနိုင်တော့သည်။  6နာရီတောင် ထိုးနေပြီဖြစ်သည်။ ငယ်နဲ့က 6ခွဲ ချိန်းထားတာမို့ အမြန်ပြင်ဆင်ပြီး ထွက်လာခဲ့ရသည်။ရင်ထဲတွင်တော့ အလုံးကြီး တစ်ဆို့နေရင်းပေါ့

ငယ့်ဆီရောက်တော့လဲ ဘာမှမဖြစ်သလို  အေးဆေးတံခါးလာဖွင့်‌ေပးပြီး ပြုံးလို့ထိုင်နေတဲ့ ငယ်ကို ‌ေတွ့တော့ တစ်ဝက်လောက်တော့ စိတ်သက်သာရာရသလိုပင်

"ငယ့် ကိုယ့်ကို ပြောမယ့် အရမ်းအရေးကြီးတာဆိုတာ ဘာလဲ "

"အာ့ရား
ထိုင်ပါဦး ဇွတ်ဘဲ "မျက်စောင်းထိုးပြီး ပြောလာသောကြောင့် ခဏလောက်ငြိမ်ပေးလိုက်ရသည် သို့သော်လည်း သိချင်စိတ်တို့က ထိန်းမရ

ဆူးနစ်လေသောDonde viven las historias. Descúbrelo ahora