အပိုင်း-49

152 8 0
                                    

ဆူးနစ်လေသော
Unicode:;

အပိုင်း -49

နာကျင်အောင် ပြောထားခဲ့တာ မှန်ပေမယ့်လဲ လူကြီးကို ကြည့်ရသည်ကလဲ ကျွန်တော်ကိုယ်တိုင် နာကျင်ရပြန်ပါသည်။ မေးရိုးတွေ ထောင်တတ်ကာ လက်က အကြောတို့ကြောင့် ဘယ်လောက်တောင် တောင့်ခံထားရလဲဆိုတာကို သိနိုင်ပါသည်။ အနည်ဆုံးတော့ အခြေအနေကိုသိချင်သောကြောင့် toiletအကြောင်းပြပြီး လူကြီးတတ်သွားသော နောက်ကိုသာ လိုက်သွားလိုက်တော့သည်။ လူကြီးအခန်းကို အရင်တစ်ခေါက်က ရောက်ဖူးသည့်အတွက် တန်းကာသွားလိုက်တော့ ဝင်ဝင်ချင်းကြားလိုက်ရတာက ရေစီးဆင်းသံများသာ ။ ထိုရေသံများကြားထဲ တစ်ချက်ချက် ငိုညည်းသံများကလဲ ရောပါလာတော့ ပြုလုပ်သူကျွန်‌ေတာ့်ရင်ထဲတွင်လဲ နဂိုဒဏ်ရာရထားသော ဒဏ်ရာတစ်ခုကို ရက်ရက်စက်စက် ဆားနှင့်အပတ်ခံလိုက်ရသလိုပင် ။

ပြုလုပ်သည်နှင့်ခံရသူကြား အဘယ်သူကများ ပို၍ နာကျင်နိုင်မည်နည်း ။

ထိုမေးခွန်း၏ အဖြေကို ရှာမတွေ့တတ်။ လူကြီးလဲနာကျင်မယ်မှန်းသိသော်လည်း ကိုယ်ကိုယ်တိုင်ကလဲ နာကျင်‌နေလေတော့။ အသံမထွက်အောင်ကို ကိုယ့်လက်ကို ကိုက်ကာ ထိန်းချုပ်နေသော်လည်း မျက်ရည်များက အလိုက်ကန်းဆိုးမသိစွာ ကျဆင်းနေလေသည်။   ပုခုံးပေါ်ရောက်လာသော လက်တစ်ဖက်ကြောင့် လှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကရောက်နေမှန်းမသိသော ဦးငယ်က
" သားလုပ်နေတာကလဲ ငြိမ်းမင်းအတွက်ဘဲလေ " ဟုဆိုကာ နှစ်သိမ့်လေသည်။
"အဲ့တာဆို ကျွန်တော့်အတွက်ကရော"  ထိုစကားကိုပြောချင်ပေမယ့်လဲ မပြောဘဲသာ ရင်ထဲသိမ်းထားလိုက်တော့သည်။ ကျနေဆဲ မျက်ရည်တို့ကို သုတ်လိုက်ပြီး ဟန်ဆောင်မျက်နှာဖုံးကို ပြန်တပ်ဆင်ရန် လေပူပြင်းပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အောက်ကိုပြန်ဆင်းလာတော့ ပြုံးရွှင်နေကြသော မျက်နှာများက ဒုက္ခပေးပြန်သည်။

ဘာလို့များ သူတို့မိသားစုသိက္ခာကို ဆက်ထိန်းထားဖို့ ကျွန်တော်တို့နှစ်ယောက်ရဲ့နှလုံးသားတွေက စတေးပေးရတာလဲ ။
အမှောင်ဘတ်ခြမ်းက ဆန္ဒပြလာတိုင်း သူတို့အတွက်မဟုတ်ဘဲ လူကြီးအတွက် ဟု‌သာ ပြန်လည်ပြောနေရသည်ကလဲ အမော။
အကုန်ပြင်ဆင်ပြီးတာနဲ့ အပေါ်က ဆင်းလာသောလူကြီး၏ မျက်နှာမှာ သိသိသာသာအေးစက်လျှက်။ အထူးသဖြင့် ခါတိုင်းနွေးထွေးနေတတ်သည့် ကျွန်တော့်ကိုကြည့်သော လူကြီး၏မျက်လုံးများသည် အခုများတော့ ရေခဲရိုက်ထားသည့်သဖွယ်။  ထိုအကြည့်များနဲ့ တစ်ခါမျက်လုံးချင်းဆုံးတိုင်း နှလုံးသားတည့်တည့်ကို ဓါးနှင့် ထိုးစိုက်နေသလို ခံစားနေရ၏။
စားနေသည့်အချိန်အတွင်းလဲ ဘာစကားမှဝင်မပြောဘဲ ရှေ့က ပန်းကန်ထဲက ထမင်းကိုပင် စားနေလေသည်။ စားပြီးသောက်ပြီး မှ ထိုအမျိုးသမီးက ကျွန်တော့်ထက်အရင်ပြန်သွားလိုက်သည်။ ခြံရှေ့တွင် လူကြီးနှင့် လူကြီးမိသားရယ် ကျွန်တော်ရယ်သာ ကျန်နေခဲ့တော့သည်။
"အမလဲ သွားပြီဆိုတော့ ကျွန်တော်လဲပြန်တော့မယ်လေ " ဟု နှုတ်ဆက်ပြီး ကျွန်တော့်ကို အလိုမရှိသော ရပ်ဝန်းကနေ ထွက်သွားဖို့ပြန်စဉ်မှာပင် လက်ပေါ်ရောက်လာသော လက်တစ်ဖက်က ဟန့်တားလိုက်လေသည်။
" အမေတို့ အရင်ဝင်လိုက်ပါ့လား ကျွန်တော် မုန်းဆက်တည်နဲ့ ပြောစရာရှိလို့ "
နောက်ဆုံး လူကြီးနှင့်ကျွန်တော်သာ ခြံရှေ့တွင်ကျန်ခဲ့ပြီး လူကြီးရဲ့ အေးစက်သည့်အကြည့်တို့ဖြင့် ခဏတာ ရပ်နေကြသည်။
"ကိုယ်‌ေနာက်ဆံုးအကြိမ် ငယ့်ကို နည်းနည်းမေးကြည့်ချင်တယ် တကယ်ပဲ ငယ် ကိုယ့်ကို သူ့ဆီတွန်း‌ပို့တော့မှာလား အဲ့ဒီလိုတွန်းပို့တော့ ငယ်တကယ်ပဲ မခံစားရမှာသေချာလား " 
လုံးဝကို အေးစက်ပြီးပြတ်သားနေသော လူကြီးအသံကြောင့် ပြန်လည် ချေပရန် ခတ်ခဲလှသည်။
"ဟုတ်တယ်လေ မချိုလဲ့က ကျွန်တော့်ထက်အရာရာသာတယ် နောက်ခံကိုကြည့်မလား ပညာအရည်အချင်းကို ကြည့်မလား နောက်ဆုံး ခင်ဗျားကို မိသားစုဘဝ..."

ဆူးနစ်လေသောWhere stories live. Discover now