အပိုင်း-26

129 7 0
                                    

ဆူးနစ်လေသော
Unicode':;
Part-26

လဲနေသောကျောင်းသားကို ဆေးခန်းပို့စရာရှိတာကို ပို့ပြီး ကျန်တဲ့ကျောင်းသားတွေကတော့ ရုံးခန်းရောက်ကြတာပေါ့ ။
"ပြောစမ်း ဒီပြဿာနာ ဘယ်ကစတာလဲ "

"ဒီ... ဒီကောင်ပါဆရာကြီး ဒီကောင်ထိုင်နေတဲ့ သားသူငယ်ချင်းကို ဗလိုင်းကြီးထိုးတာပါ"

ဗြောင်လိမ်ဗြောင်စားကျွမ်းလှသော ထိုကျောင်းသားတွေဘက် တစ်ချက်ကြည့်ပေးလိုက်တော့ ခြေတစ်လှမ်းစီ နောက်ဆုတ်သွားကြပြီး မျက်နှာများက‌ေတာ့ကြောက်ချီးပန်းနေကြခြင်းပင်

"ဒီကောင် အသက်တောင်12နှစ်‌ေလာက်ရှိဦးမယ် ဒါမျိုးကတတ်နေပြီး ဘာလဲ မင်းကလူမိုက်လုပ်စားမလို့လား "ဟု ဆိုကာ ကျွန်တော်ခေါင်းကို စာအုပ်ကိုလိပ်ထားတဲ့ဟာ နဲ့ ရိုက်လိုက်သောကြောင့် ဆရာ့ကို နားမလည်နိုင်စွာ ကြည့်မိသည်။ ထိုစဉ်

"ဆရာကြီး သူတို့လိမ်နေတာ သားတို့နှစ်ယောက်က အေးဆေး ထမင်းစားနေတာကို သူတို့က ရန်လာစတာ "

"ဘာကိုလိမ်တာလဲ သူတို့က အများ မင်းတို့က နှစ်ယောက်တည်းလေ ဘယ်သူ့စကားကို ယုံရမလဲ "
"နေစမ်းပါဦး မင်းကစကော်လာကျောင်းသားမလား "

"ဟုတ်"

"မင်းဒီလိုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် မင်းကိုစကော်လာပေးသင့်မသင့် စဉ်းစားရတော့မယ် " ဆက်ပြောရန်ပြင်နေသော မိုးထက်ပါးစပ်လေးပိတ်ကျသွားပြီး မျက်နှာလေးကအောက်‌ငုံ့ကာ

အခုတော့ ကျွန်တော့်ရဲ့ဒေါသကြောင့် မိုးထက်အခတ်‌‌ေတွ့တော့မည်ပင်ဖြစ်သည်

"ဆရာဘက်ကအရင်ဆုံး နှစ်ဦးနှစ်ဖက်နားထောင်သင့်တာမဟုတ်ဘူးလား ဘာလို့သူတို့ပြောတာကြ ယုံပြီး ကျွန်တော်တို့ပြောတာကြ မယုံရတာလဲ "

"အမယ် မင်းကများပြောကတယ်ရှိသေးတယ် ဟိုက ထတောင်မထနိုင်တော့ဘူး အဲ့တော့မင်းအပြစ်ဘဲ "
"မနက်ဖြန် မိဘခေါ်ခဲ့ "

"ကျွန်တော့်မှာမိဘမရှိဘူး"

"ဒီကလေး ငါလုပ်လိုက်ရသေဦးမယ်"ဟုဆိုကာ ခေါင်းကို တစ်ချက်ခေါက်လိုက်သောကြောင့် ဘေးက မိုးထက်က ဝင်ပြောပေးမည်အလုပ်

ဆူးနစ်လေသောWhere stories live. Discover now