မှာတမ်း
အကယ်၍ ဝေးသွားကြတဲ့အခါ ငယ့်ရဲ့ မျက်ဝန်းအိမ်ထဲ အရည်ကြည်တွေ စုမနေဖို့ကိုတော့ မှာခဲ့ချင်စမ်းပါဘိ.....
ငယ်လွှတ်ချခဲ့တဲ့လက်တစ်စုံကြောင့် ကိုယ်တို့ဝေးသွားကြတဲ့အခါ ငယ့်အလိုကျ ပျော်ရွှင်နေပေးပါ..
ဝေးသွားခြင်းရလဒ်ကြောင့် နာကျင်မှုရဲ့တစ်ဖက်ကမ်းက ပျော်ရွှင်လွတ်လပ်ခြင်းမြစ်ဆီ ကိုယ့်ရဲ့နှလုံးသားကို လှော်တတ်လုပ်ပြီးသာ ရှေ့ဆက်ပါငယ်..တစ်ခုပဲ...
ကိုယ်တို့ဝေးသွားကြတဲ့အခါ
ကိုယ်ဟာ ငယ်လွှတ်ချခဲ့ဖူးတဲ့ စွန်လေးတစ်စင်းဖြစ်ကြောင်းကိုတော့ အခါအခွင့်သင့်ရင် သတိရပေးပါငယ်...
#Twelve
YOU ARE READING
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......