အပိုင်း-18

160 8 0
                                    

ဆူးနစ်လေသော

Unicode:;
Part-18

""  အဖေနဲ့ အမေနဲ့က သာမာန်အတိုင်း ဆိုင်ထိုင်ရင်းတွေ့ကြ မှားကြတော့ပေါ့

အဖေကလဲ ‌ပုရိသယောင်္ကျားတစ်ယောက်ဆိုတော့ အမေ့ရဲ့ မာယာကျော့ကွင်းထဲက ရုန်းမထွက်နိုင်ခဲ့ဘူး ဒါပေမယ့် ပြဿာနာက အမေ..
အမေက အဖေ့ကို တကယ် ချစ်မိသွားခဲ့တာ
အချစ်ကြောင့်ဘဲ အဲ့ဒီလောကကနေ ထွက်ပြီး ကောင်းကောင်းမွန်မွန် လုပ်ကိုင်ပြီး မိသားစုဘဝလေးဖန်တီးဖို့ ကြံရွယ်ခဲ့ပေမယ့်လဲ အဖေကတော့ ကလေးတစ်ယောက်အမေနဲ့ ယူသွားတယ်ဆိုတဲ့သတင်းဘဲ ကြားရတော့တယ်
ဒါမယ့် အဲ့ဒီသတင်းကြားပြီးမကြာပါဘူး ကျွန်တော်ရတာဘဲ အဲ့တာကြောင့်လဲ အဖေကြောင့် ထွက်သွားမယ့်လောကထဲကနေ ကျွန်တော့်ကြောင့်ဘဲ ထွက်လာခဲ့တယ်  

ကျွန်တော်ရှိကြောင်းသိတဲ့ အမေက အဖေ့ကိုသွားရှာတော့ အဖေဆိုတဲ့လူ‌ကလေ သူမယုံဘူးတဲ့ ဟုတ်ရင်တောင် ဖျတ်ချလိုက် သူစိတ်မဝင်စားဘူးတဲ့လေ
//မင်းမွေးခဲ့ရင်တောင် ငါ့ဘဝကို လာဖြတ်ချင်နေတဲ့ မင်းကို ငါ့ရဲ့ အမုန်းတွေက သံသရာအဆက်ဆက် တည်တံ့နေမှာတဲ့လေ //
အာ့တာကို ရည်ရွယ်ပြီး အချစ်ကြီးတဲ့အမေက ကျွန်တော့်နာမည်အဖြစ်ပေးခဲ့တာ

သူ့မိသားစုက သိတော့လဲ အမေနေတဲ့နေရာထိလိုက်လာပြီး နှစ်ပြားမတန်အောင်ပြောလာတယ်တဲ့လေ သူတို့သွေးသားလွယ်ထားရတဲ့မိန်းမတစ်ယောက်ကို အဟက်..... ဒါတောင် အမေ့ဗိုက်ထဲက ကျွန်တော့်ကို သူ့တို့သွေးသားဆိုတာ မယုံကြဘူး သူတို့ကို လာရှုပ်မှာစိုးလို့  ပိုက်ဆံလေး နှစ်ပဲခြောက်ပြားကို သ‌တောင်းစားကိုပေးသလို နှစ်သိမ့်ကြေးသဘောမျိုးပေးခဲ့ကြတာ

ဒါပေမယ့် အမေလိုချင်ခဲ့တာ အဲ့ဒီ ပိုက်ဆံတွေမှမဟုတ်ဘဲ အမေ မက်မောတာက အဖေ သူ့ဆီပြန်လာပြီး မိသားစုဘဝလေးကို တည်ဆောက်ဖို့ပဲကို  ဒါပေမယ့် တစ်ခေါက်လေးတောင် တစ်ခေါက်လေးတောင် လာမကြည့်ခဲ့ဘူး အဲ့ဒါကိုတောင် စိတ်မနာနိုင်တဲ့အမေ ပြန်စဉ်းစားကြည့် ကျွန်တော့်အမေက တော်တော်ရူးတာဘဲနော်" ပြောနေရာကနေ ခဏရပ်ပြီး လေကို အားရအောင်ရှုရှိုက်ကာ ပြန်ဆက်လေသည်။

ဆူးနစ်လေသောDonde viven las historias. Descúbrelo ahora